ဒဏ်ရာရရှိသူ ဦးရေ ၂၃၀
ရှိပြီးတော့ ၁၂ ယောက်က ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဘန်ကောက် အခြေစိုက်ICRC အဖွဲ့ရဲ့
အရှေ့အာရှ-ပစိဖိတ် ရေးရာဌာန ပြောခွင့်ရ ကိတ်၊ ရိုးလ်က ဗွီအိုအေ မြန်မာပိုင်း ကို
အခုလိုပြောပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ တာကြောင့် သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၆ ယောက် ရှိသွားပြီဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ “ကြက်ခြေနီအဖွဲ့အနေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်နေပြီး မြေငလျင်ဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ လူနေရပ်ကွက်တွေရဲ့ လိုအပ်ချက်တွေကို စီစစ်ပေးနေပါတယ်။ မနေ့ညက တွေ့ရှိချက် အရကတော့ သေဆုံးသူ ၂၆ ဦးရှိပြီး ဒဏ်ရာရသူပေါင်း ၂၃၁ ဦးရှိကာ ပျောက် ဆုံးသူဦးရေဟာ ၁၂ ဦးရှိတယ်လို့ သိရပါတယ်။ ပျက်စီးတဲ့ အဆောက်အဦးပေါင်း ၄၆၂ ခုရှိပြီး နေ အိမ်တွေ၊ အစိုးရ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦးတွေ ပါဝင်ပါတယ်။”
ဒါ့အပြင် ICRC အဖွဲ့ကြီး အနေနဲ့လည်း ငလျင်ဒဏ် ခံခဲ့ရသူတွေကို အကူအညီပေးအပ် နေတာနဲ့ ပတ်သက်ပြီး သူက အခုလို ဆက်ပြောပြပါတယ်။ “ကြက်ခြေနီ ဝန်ထမ်းတွေအနေနဲ့ အရေးပေါ် ကယ်ဆယ်ရေး လိုအပ်ချက်တွေကို ကူညီဆောင်ရွက် လျှက်ရှိပြီး အရေးပေါ် ပစ္စည်းတွေကိုလည်း ဝေငှပေးလျှက် ရှိပါတယ်။ မီးဖိုချောင် ချက်ပြုတ်စရာ ပစ္စည်းတွေ၊ အရေးပေါ်ဆေးဝါး၊ တာပေါ်လင် အမိုးအကာတွေအပြင် ဆေးရုံတွေ ပို့ပေးဖို့ စသည်ဖြင့် စီစဉ်နေပါတယ်။ မြေငလျင်ဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ မြို့နယ်ပေါင်း ၇ ခုတို့မှာလည်း ဆက်ပြီိး အကူအညီပေး နေပါတယ်။ ကြက်ခြေနီိ စေတနာ့ ဝန်ထမ်းပေါင်း ၈၀ ကျော်လောက်ဟာ ကွင်းဆင်းနေပြီးတော့ အခြေအနေကို နီးနီးကပ်ကပ် အကူအညီပေးလျှက် ရှိကြပါတယ်။

Myanmar Express
Time in Rangoon

0 comments:
Post a Comment