Wednesday, November 14, 2012

အဆိပ်ရှိ မြွေအကောင်ရေ ၁၀၀၀ ဝယ်ယူမည်

Posted by drmyochit Wednesday, November 14, 2012, under | No comments


ရန်ကုန်တိုင်း ဒေသကြီး အမှတ် ၁ ဆေးဝါး စက်ရုံက မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် အတွက် အဆိပ်ရှိ မြွေပွေးနှင့် မြွေဟောက်အကောင်ရေ ၁၀၀၀ ခန့်ကို ဝယ်ယူမည်ဖြစ်ကြောင်း အဆိုပါ ဆေးဝါး စက်ရုံထံမှ စုံစမ်း သိရှိရသည်။
ကျပ်ငါးဆယ်သား အထက် အလေးချိန်ရှိ အဆိပ်ရှိ မြွေပွေး တစ်ကောင်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် အကောင်ရေ ၆၅၀ ခန့် ဝယ်ယူမည်ဖြစ်ကာ ကျပ်ငါးဆယ်သား အောက်ဆိုလျှင် တစ်ကောင် ကျပ် ၁၅၀၀ နှုန်းဖြင့် အကောင်ရေ ၁၅၀ ခန့် ဝယ်ယူမည် ဖြစ်ကြောင်း အမှတ် ၁ ဆေးဝါး စက်ရုံက ကြေညာ ထားသည်။
ကျပ်ငါးဆယ်သား အထက် မြွေဟောက် အကောင်ရေ ၁၅၀ ခန့်ကို တစ်ကောင်လျှင် ကျပ် ၂၀၀၀ ဝန်းကျင်နှင့် ကျပ်ငါးဆယ် သားအောက် မြွေဟောက် ဆိုပါက တစ်ကောင်လျှင် ကျပ်ငါးရာနှုန်းနှင့် အကောင်ရေ ငါးဆယ်ခန့် ဝယ်ယူ သွား မည်ဖြစ်ကြောင်း ယင်းစက်ရုံ ကြေညာချက် တွင် ဆက်လက် ဖော်ပြထားသည်။
အဆိုပါမြွေများကို လိုအပ်သည့် ကောင်ရေ ရရှိသည်အထိ ဝယ်ယူသွားမည် ဖြစ်ကာ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်မှ လာရောက် ရောင်းချလေ့ ရှိကြောင်း အမှတ် ၁ ဆေးဝါးစက်ရုံ (ရန်ကုန်) မှ အရာရှိ တစ်ဦးက ပြောကြားသည်။
  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်