Wednesday, November 14, 2012

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကယုံကြည်အောင်ပြော ဆိုလိမ်လည်သူအားဖမ်းဆီးရမိ

Posted by drmyochit Wednesday, November 14, 2012, under | No comments


  ၂၆.၁ဝ.၂ဝ၁၂ ရက်နေ့  တရားလို ကြည်း၎ဝ၈၇ဝ ဗိုလ်ကြီး ကျော်နိုင်လင်း ခလရ(၂၇၃)၊ တာဆိုင်း၊ မိုးမောက်မြို့ နယ်နေသူ သည် ဗန်းမော်မြို့နယ်ထဲ၌ ရှိနေစဉ် ၎င်းကိုင်ဆောင် ထားသောCDMA ဖုန်းအမှတ် ဝ၉၄၉၅၈၆၉၃ဝ သို့ ဝ၉၄၃၁၃၄၁ဝ၄ ဖုန်းဖြင့် အမျိုးသား တစ်ဦးမှ ဆက်သွယ်ခဲ့ပြီး ၎င်းသည် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုဗိုလ်မှူးကြီး သန်းထွဋ်ဖြစ်ကြောင်း ပြောကြားပြီး ရုပ်ရှင်စာနယ်ဇင်း အဖွဲ့ရှေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်မှ ဖုန်းအလုံး (၇)သိန်းထဲမှ (၅)လုံးအား ရွေးချယ်ပြီး ကံထူးရှင် ရွေးချယ်မည့်အကြောင်း နှင့် ဆုချီးမြှင့်မည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆိုခဲ့သည့်အပြင် ဖုန်း (၅)လုံးထဲမှ တရားလို၏ ဖုန်းနံပါတ်မှာ ပထမဆု ရရှိကြောင်း။ ဆုငွေ သိန်းပေါင်း (၂၇ဝဝိ/-)ကိုပြည်တွင်း အခွန်မှာ အပြီးထုတ်ယူရ မည်ဖြစ်ကြောင်း၊ အဆိုပါငွေမှာ နိုင်ငံတော်ဘဏ္ဌာ ထဲမှ ပေးတာဖြစ်၍  တိုက်ဆောက် ဆောက်၊ ကား စီးစီး ထာဝရ အခွန်ကင်းလွတ်ခွင့် ရရှိဖို့အတွက် အခွန်ငွေ (၁၇၅ဝဝဝဝိ/) ပေးသွင်းရမည် ဖြစ်သဖြင့် အလုံမြို့နယ်၊  ကမ္ဘောဇဘဏ်သို့ ဦးသော်ထက်၊ ၁၄/မအန(နိုင်)၁၆၂၇၇၁ အမည်ဖြင့် လွဲအပ်ပေးရန် အကြောင်းကြား လာသဖြင့် တရားလိုသည် ချက်ချင်းပင် ဗန်းမော် ကမ္ဘောဇဘဏ်မှ အလုံ ကမ္ဘောဇဘဏ်သို့ ငွေ (၁၇၅ဝဝဝဝိ/-)ကို လွဲအပ်ခဲ့ပြီး စိတ်ထဲတွင် မသင်္ကာသဖြင့် ဗန်းမော်အခွန်ရုံးသို့ သွားရောက်စုံစမ်းခဲ့ရာ မဖြစ်နိုင်ကြောင်းနှင့် လိမ်လည်၍ ငွေတောင်းခံခြင်းသာ ဖြစ်နိုင်ကြောင်း သိရှိရသည့် အတွက် ဗန်းမော် ကမ္ဘောဇဘဏ်မှ အလုံကမ္ဘောဇဘဏ်သို့ မထုတ်ပေးရန် အကြောင်းကြားခဲ့ပြီး ၎င်းငွေ လာရောက်ထုတ်ယူ သူ ဦးသော်ထက်အား အလုံရဲစခန်းမှူး ရဲအုပ် တင်မျိုးထွန်း နှင့်အဖွဲ့မှ ဖမ်းဆီး၍ဗန်းမော် ရဲစခန်းသို့ လွဲအပ်ခဲ့ရာ ဗန်းမော်ရဲစခန်းမှ (ပ)၁၈၅/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၄ဝ၆/၄၂ဝဖြင့် အရေးယူထားရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်