Sunday, January 06, 2013

ကေအိုင်အေ အဖွဲ့ မော်တော်ယာဉ်များ ဖမ်းဆီး၊ မိုင်းခွဲ ဖျက်ဆီး၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်၊ ရထားလမ်း /တံတား မိုင်းခွဲခြင်းများ ကျူးလွန်ခဲ့

Posted by drmyochit Sunday, January 06, 2013, under | No comments

ကေအိုင်အေ အဖွဲ့သည် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့က ကချင် ပြည်နယ်၌ မော်တော်ယာဉ် များကို ဖမ်းဆီးမိုင်းခွဲ ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရထားလမ်း များကို မိုင်းခွဲခြင်း၊ တံတားများကို မိုင်းခွဲခြင်းနှင့် မြို့ပေါ်၌ မိုင်းထောင်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာ လာသည့် ဘိ လပ်မြေနှင့် သံချောင်း/ သံပြားများ တင်ဆောင် ထားသည့် မော်တော်ယာဉ် သုံးစီး သည် မြစ်ကြီးနား-ဆွမ်ပ ရာ ဘွမ် ကားလမ်း မိုင်တိုင် အမှတ် (၉၁)သို့ ရောက်ရှိစဉ် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့က ယာဉ်ကို တားဆီး ခဲ့ပြီး ယာဉ်ပေါ်ပါ ဘိလပ်မြေ ၁၆ တန်၊ သံချောင်း/ သြံပား ၈ တန်တို့ အား မိုင်းခွဲ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ယာဉ်မောင်းများအား ပြန်လွှတ် ပေးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ပစ္စည်း တန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၉၈ သိန်းနှင့် သရီး ကရောင်း ပစ္စည်းတင် ယာဉ်သုံးစီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက် နံနက် ဝဝ နာရီ ၄၅ မိနစ်က ကေအိုင်အေ အင်အား ၁ဝ ဦးခန့်သည် ဝိုင်း မော်မြို့ နယ် နန့်ဝါ ကျေးရွာနေ မလငန် ခေါင်နော ၃၂ နှစ်၊ မလနေ ဒေါင်ညွယ် ၃၄ နှစ်နှင့် မလတုံ ယိန်းမျှော် ၂၈ နှစ်တို့ သုံးဦး အား နန်ဇော်ယန် ကျေးရွာ ဘက်သို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီ ၃ ရက်ည ၇ နာရီ ခွဲခန့်က ကေအိုင်အေ အဖွဲ့သည် မိုးညှင်းမြို့နယ် ကာဒူနှင့် မော်ဟန် ကျေး ရွာ အကြား ရထားလမ်း မိုင်တိုင် အမှတ် (၆၂ဝ-၈/၉)တွင် ရထားလမ်း လုံခြုံရေး ဆောင်ရွက် နေေ သာ လုံခြုံရေး အဖွဲ့အား လက်နက်ကြီး များဖြင့် အဝေးမှ ပစ်ခတ် ခဲ့ကြောင်း၊ လူထိခိုက် ဆုံးရှုံးမှု မရှိ၊ ရထား လမ်း ပျက်စီးမှု မရှိသော်လည်း မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာ လာသော အမှတ်(၄ဝ) အဆန် အမြန် ရထား မှာ မော်ဟန် ဘူတာ၌ ခေတ္တရပ်နား စောင့်ဆိုင်း ခဲ့ရပြီး ည ၉ နာရီခွဲ ခန့်တွင် မိုးညှင်းဘက်သို့ ဆက်လက် ထွက်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကေအိုင်အေ အဖွဲ့သည် ဗန်းမော်-မန်စီ ကားလမ်း ပေါ်မှ အလျား ပေ ၂၈ဝ၊ အကျယ် ၁၂ ပေရှိ မံရွတ် ချောင်းကူး သံပေါင် ဘေလီ တံတားအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး ခဲ့မှုကြောင့် တံတား ပေ ၂ဝ ခန့် ပြို ကျ သွားသဖြင့် လူ/ယာဉ် ဖြတ်သန်း သွားလာ နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက် ည ၁၁ နာရီ ခန့်က ဗန်းမော်မြို့ ကြေးနန်း ရပ်ကွက် ဗန်းမော်-မြစ်ကြီးနား ကား လမ်း မိုင်တိုင် အမှတ်(၃၇၈/၃) နှင့် (၃၇၈/၄) အကြား လမ်း၏ ယာဘက် ကြံခင်း ကျေးရွာသွား လမ်းခွဲ အနီး တွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ယင်းနေရာ၏ အနောက်ဘက် ကိုက် ၁ဝဝ ခန့် အကွာ၌ မိုင်းတစ်လုံး ထပ် မံ ပေါက်ကွဲ ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲ မှုကြောင့် လူထိခိုက် ဆုံးရှုံးမှု မရှိဘဲ အုတ် ခုံနှင့် သံတိုင် အချို့ ပျက်စီး မှုသာ ရှိခဲ့ ကြောင်း၊ ကေအိုင်အေ အဖွဲ့က ယာဉ်တန်းများ ဖြတ်သန်း မည်ဟု ထင်သဖြင့် ဖောက်ခွဲ ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။

(၆-၁-၂၀၁၂ မြန်မာ့အလင်း သတင်းစာတွင်လည်း ဖော်ပြထားသည်။)

http://www.myawady.net.mm/allnews/headline/item/3673-2013-01-06-08-39-50

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်