Sunday, January 06, 2013

“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”

Posted by drmyochit Sunday, January 06, 2013, under | No comments

၂၀၁၃ ဇန်န ၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ ကီလို မီတာ အကွာ တွင်ရှိသော ချာချင်း စောင်မြို့ အမှတ်(၃) ရပ်ကွက် ဘန်ကရောက် ရွာရှိ ပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟု ယူဆ ရသူ တစ်ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင် စွတ်နှင့် ထိုင်းရပ် သတင်း စာတွင် ဖေါ်ပြ ထားသည်။

လူသတ် မှုဖြစ်ပွား ခဲ့သည့် နေရာသို့ သက်ဆိုင်ရာ နယ်မြေရဲ စခန်းနှင့် ကယ်ဆယ်ရေး လာရောက် စစ်ဆေး ခဲ့ရာ လက်နှစ် ဘက်ကို ကြိုးဖြင့် ချည်နှောင် ထားသည်။

တုတ် အမာဖြင့် ဦးခေါင်းကို ရိုက်ထားသော ဒဏ်ရာများနှင့် လည်ပင်း ကျိုးနေသည်။ ထို့နောက် သေနတ် ဒဏ်ရာ ၁၀ချက် ထက် မနည်းတွေ့ ရှိ ရကြောင်း တာဝန် ရှိရဲကပြော သည်။ 

ပုဇွန် ကန်ပိုင်ရှင် နန်းဘွန်မီး အသက် ၃၆ နှစ် ထွက်ဆိုချက်အရ မနက် ၄ နာရီခန့်တွင် ခွေးပောာင် သံကြားသော်လည်း ထ,မကြည့်ခဲ့ကြောင်း၊ မနက်မိုးအလင်း ပုဇွန်ကန် ဘက်သို့ သွားရာ အလောင်းကိုတွေ့ ၍ သက်ဆိုင် ရာကို အကြောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ယ္ခု အသတ် ခံရသော မိန်းခလေး သည် ပုဇွန်ကန်သို့ မကြာ ခဏ လာကြောင်း၊ ပုဇွန်ကန်တွင် အလုပ် လုပ်နေသော မြန်မာ အလုပ် သမား တစ်ယောက်နှင့် သမီးရည်းစား ဖြစ်သည်ပာု ယူဆကြောင်း၊

တစ်နေ့ထဲ တွင် ပုဇွန်ကန် မှ အလုပ်သမား ဖုန်းဆက် ခွင့်ယူပြီးနောက် ဖုန်းပြန် ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ် ၍ မရပဲပျောက်နေကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှန် ပေါ်ပေါက် နိုင်ရန် အတွက် ချာချင်းစောင် နယ်မြေ ရဲစခန်းမှ အပူတပြင်း စုံစမ်းနေသည်ပာု Thairath နှင့် khonsod သတင်းစာ တွင်ဖေါ်ပြ ထားသည်။

(အဓမ္မပြုကျင့်ခံရခြင်းရှိမရှိနှင့် အသက်အရွယ်/နာမည်တို့အားရေးသားထားခြင်းမရှိပါ။
ရွှေလုပ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်