Sunday, January 06, 2013

လွတ်လပ်ရေးနေ့၌ ကရင်ပြည်နယ် ကမမောင်းမြို့နယ်တွင် BGF အယောင်အဆောင်များ ဝင်ရောက်ပစ်ခတ်

Posted by drmyochit Sunday, January 06, 2013, under | No comments

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင်ကရင်ပြည်နယ်၊ကမမောင်း မြို့နယ် တွင်းနယ်ခြားစောင့်တပ်(BGF) အယောင် ဆောင်များ ဟု ယူဆရ သူများက မြို့နယ်တွင်းရှိ စစ်ဆေးရေး ဂိတ်များ အား ဝင်ရောက် ပစ်ခတ် သွားကြောင်း သိရသည်။

ဝင်ရောက် ပစ်ခတ်သွားသူများသည် BGF အဝတ်အစားများ ဝတ်ဆင်ထားကာ ဖာပွန်မြို့မှ VIGO အနက်ရောင် ကားဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရပြီး အုန်းတောဂိတ်နှင့် မီဆိုင်းဂိတ်တို့အား ဝင်ရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အုန်းတောဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် ယူဆောင်သွားကြောင်း၊အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး တစ်ဦး နောက်ကျော ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့်တပ်ကြပ်တစ်ဦးပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မီဆိုင်းဂိတ်မှ BGF ရဲဘော်တစ်ဦးအား အရှင်ဖမ်းဆီးသွားပြီးစအဖ အရာရှိတစ်ဦးထံမှ ပစ္စတို (၁)လက် ထပ်မံ ယူဆောင်သွားကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မြိုင်ကြီးငူဆရာတော်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူးတို့ ဓမ္မပီယကျောင်းတိုက်တွင် ယမန်နေ့ ည ၁၀ နာရီ ခန့်၌တွေ့ဆုံသွားကြောင်း သိရသည်။

တိုင်းမှူးမှ ငြိမ်းချမ်းရေး ဖော်ဆောင်စကာလအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ လျှောက်ထားခဲ့ကြောင်းလည်း ထပ်မံသိရသည်။

ဇွဲကပင်မောင်မောင်
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်