Sunday, January 06, 2013

ကေအိုင်အေ လူမှုကယ်ဆယ်ရေးအဖွဲ့မှ လိုင်ဇာရှိဈေးဆိုင်များကို ငွေကောက်ခံမှုများသဖြင့် ဈေးဆိုင်များ ပိတ်သိမ်း၍ တရုတ်သို့ပြန်

Posted by drmyochit Sunday, January 06, 2013, under | No comments

လိုင်ဇာမြို့ တွင်းတွင် လည်း ဈေးဆိုင် များအားလုံး လိုလို ပိတ်ထား ကြပါသည်။ လိုင်ဇာမြို့ မှဈေးဆိုင် အများစုမှာ ကေအိုင်အေ ကေအိုင်အို အဖွဲ့ လူကြီးများ၏ ဈေးဆိုင် များဖြစ်ပြီး တချို့မှာ တရုတ် နာဘန်မြို့မှ လာရောက်ဖွင့် လှစ်ထားသော ဆိုင်ခန်းတွေဖြစ်ပါသည်။ နာဘန်မှ ဆိုင်တွေအားလုံးက ဖွင့်လှစ်ခြင်း မရှိတော့ ဘဲ တရုတ်နိုင်ငံ သို့ပြန်သွားပြီးဖြစ်ကြောင်း သိရှိ ရပါသည်။

ထိုဆိုင်ခန်းတွေပိတ်သွားရခြင်းမှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်တာရယ်၊ လိုင်ဇာ ဆေးရုံမှာ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရနေတဲ့သူတွေများလာပြီး ဆေးရုံမှ ကေအိုင်အေ တစ်ဦးဖြစ်ဖြစ် ကျောင်းသား တပ်မတော်မှ တစ်ဦးဖြစ်ဖြစ် သေဆုံးလျှင် နာရေးအတွက် လိုင်ဇာမှ ကေအိုင်အေ လူမှု ကယ်ဆယ်ရေး အဖွဲ့ က ဈေးဆိုင်တစ်ဆိုင်ကို ၁သောင်းနှုန်းကောက်ခံတယ်လို့သိရှိရသည်။ 

အခုအချိန်မှာ သေဆုံးသူများပြားလာသည့်အလျောက် နေ့စဉ်ရောင်းရငွေထက်များပြားလာပြီး နေ့စဉ်ပေးဆောင်နေရတဲ့ အတွက် တရုတ်ဆိုင်ပိုင်ရှင်တွေက ဆိုင်တွေပိတ်ထားခဲ့သည်ဟုသိရှိရသည်။ နာရေးအကူငွေအား ကျောင်းသား တပ်ရင်းမှူး ဇနီးတစ်ဦးမှာ ကောက်ခံတာဖြစ်ပြီး ၎င်းကိုယ်တိုင်က လိုင်ဇာဟိုတယ်အနီးတွင် ကားပစ္စည်းဆိုင်ကို ဖွင့်လှစ်ထားပါသည်။

 ကေအိုင်အေမှလူကြီးတွေရဲ့ ဆိုင်ခန်းတွေကို ကောက်ခံခြင်းမရှိဘဲ ကျန်တဲ့ ဆိုင်ခန်း တွေကို ကောက်ခံ တာဖြစ်ပါသည်။ ကောက်ခံတဲ့အကြောင်းကို မည်သူကိုမှ မပြောရန် လည်း အမိန့်ထုတ် ထားသည် ဟုသိရသည်။ အခု ဖွင့်လှစ်နေသော ဆိုင်တွေကလည်း ကေအိုင်အေမှ လူကြီး တွေရဲ့ ဆိုင်တွေ ဖြစ်တယ် လို့ လိုင်ဇာမြို့ခံတစ်ဦးက ပြောပါသည်။ ဆေးရုံတွင် သေဆုံးသော ကေအိုင်အေ တပ်ဖွဲ့ထဲမှ ရှမ်းလူမျိုး နှင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ များစွာရှိတဲ့အတွက် ၎င်းတို့ကို သဂြိုလ်ဖို့အတွက် မံသဲရွာက ဘုန်းတော်ကြီး အား နေ့တိုင်း သွားရောက်ပင့်ဆောင် နေရပါတယ်။

 အခုလို ဆေးရုံမှ သေဆုံးနေတဲ့ အကြောင်းကို ပြောဆိုခြင်း မပြုရန်လည်း ကေအိုင်အို/ ကေအိုင်ကေ လူကြီးတွေ တင်းကြပ်စွာတားမြစ်ထား သည်ဟု သိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်