Sunday, January 06, 2013

ဂီတဖျော်ဖြေပွဲမှ ရရှိသော ငွေများကိုနယ်စပ်ဒေ သရှိ ရွှေ့လျားကျောင်းများအတွက် လှူဒါန်းရန် လျာထား

Posted by drmyochit Sunday, January 06, 2013, under | No comments

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက်က ပြုလုပ်ခဲ့သော ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှ ရရှိသော အလှူငွေများထဲမှ နယ်စပ်ဒေ သရှိ ရွှေ့လျားကျောင်းများအတွက် လှူဒါန်းရန် ကျပ်သိန်း ၅၀၀ လျာ ထားကြောင်း ပညာရေး ကွန်ရက်မှ ဗဟို အလုပ် အမှုဆောင်ဒေါက် တာသိန်းလွင်ကပြောသည်။

လတ်တလော အစီ အစဉ် အရ မယ်တော်ဆေး ခန်းမှ ဒေါက်တာ စင်သီယာမောင် တင်ပြ ထားသော မဲဆောက် ဒေသရှိ အလှူရှင် မရှိဖြစ်နေသော ကျောင်း ခုနစ်ကျောင်းအတွက် ကျပ်သိန်း ၁၀၀ လှူဒါန်း မည်ဖြစ်ပြီး ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့်  ရခိုင်ပြည် နယ်စပ် ရှိရွှေ့ပြောင်းကျောင်း များကိုပါ ဆက်လက် လှူဒါန်းမည်ဟု ဒေါက်တာသိန်းလွင်ကဆိုသည်။

ထို့အပြင်ယခုရရှိသောအလှူငွေထဲမှ ယခုပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆက်လက် မတက်နိုင်သောကျောင်း သားများအနက် ကျောင်းသား ၄၀ ဦးကို ပညာသင်ကြေးထောက် ပံ့သွား မည်ဟု သတင်းရ ရှိသည်။

မကြာသေး မီကပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပညာရေးကွန်ရက်က ၂ နှစ်ပြည့် ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်မှ ဇန်န၀ါရီလ ၃ ရက်ထိ အလှူငွေစုစုပေါင်း ကျပ်သိန်းပေါင်း ၅၁၀၀ ကျော်ရရှိခဲ့ပြီး ရုပ်သံထုတ်လွှင့်ခအပါအ၀င် စုစုပေါင်းကျပ်သိန်းပေါင်း ၂၀၁၂ သိန်း ကုန်ကျခဲ့သဖြင့် ကျပ်သိန်းပေါင်း 
၃၅၆၃ ရရှိထားကြောင်းပညာရေးကွန်ရက်မှဗဟိုအလုပ်အမှုဆောင်ဦးဖြိုးမင်းသိန်းက ပြောသည်။

ဓာတ်ပုံ- အောင်သူရ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်