Sunday, January 06, 2013

ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ကာကွယ်ရန် ဒုက္ခသည်စခန်းများကို လိုင်ဇာမြို့ပတ်ပတ်လည်တွင် အကာအကွယ်ဖြင့် ထားရှိ

Posted by drmyochit Sunday, January 06, 2013, under | No comments


ကေအိုင်အေ တပ်နဲ့ အစိုးရ တပ်တွေက တိုက်ပွဲတွေဖြစ် ပွားနေပြီး အစိုးရ တပ်များက လဂျားယန် တောင်ကြောကို သိမ်းပိုက် ရရှိပြီး တဲ့နောက် တွင် ကေအိုင်အေ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို ကာကွယ်ရန် အတွက် ကေအိုင်အေ ခေါင်းဆောင် တွေက ဒုက္ခသည်စခန်းတွေကို လိုင်ဇာမြို့ ပတ်ပတ်လည် တွင် နေရာချ ထားတယ်လို့ သိရှိရပါသည်။ ကေအိုင်အေက ဒုက္ခသည် စခန်းများ အတွင်းမှ ဒုက္ခသည်များ ကိုလည်း အပြင် ထွက်ခွင့်မပေးဘဲ ကေအိုင်အေတွေက သေနတ်တွေကိုင်ပြီး စောင့်နေ တယ်လို့ သိရှိ ရသည်။

ဒုက္ခသည်စခန်းများတွင် အသက်အရွယ်ကြီးသူများနှင့် ကလေးငယ်များသာရှိပါသည်။ ကေအိုင်အေ ခေါင်းဆောင်တွေ အနေနဲ့ မြို့ကာကွယ်ရေးအတွက် ဒုက္ခသည်တွေကို လူသားတံတိုင်း အဖြစ် အသုံးပြုမည့် အနေ အထား မျိုးဖြစ်နေ ပါသည်။ လိုင်ဇာဆေးရုံမှ ကေအိုင်အေတွေသေဆုံးနေတာကို မည်သူ့ကိုမှ မပြောရန် လည်း ပိတ်ပင်ထားပါသည်။ ဒုက္ခသည်တွေက စိုးရိမ်ပူပန်မှုတွေ ရှိနေသည်ဟု ဒုက္ခသည် တစ်ဦး ကပြော ပါသည်။






0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်