Sunday, January 06, 2013

ပြည်တွင်းစစ်နှင့်စစ်လေယာဉ်သုံးစွဲခွင့်

Posted by drmyochit Sunday, January 06, 2013, under | No comments

မနက်စောစော စီးစီး ရေးစရာ ရင်တွင်းဖြစ်လေး ပေါ်လာလို့ပါ ပြည်တွင်း စစ်မှာ လေယာဉ်သုံးခွင့်မရှိ Close Air Support ပြုလုပ်ခွင့် မရှိလို့ ဘယ်နိုင်ငံ တကာ သဘော တူညီချက် များရှိ ပါသလဲ။ ကျွန်တော် အသက် ငယ်သေး လို့ ဗဟုသုတကလည်း အများကြီး မရှိပြန် ဆို တော့လေ မသိလို့ပါ။ 


သိများသိရင် ပါးစပ်ကနေ လေယာဉ်မသုံးရဖူး နိုင်ငံတကာက တားမြစ်ထားတယ်လို့ လောက်နဲ့တော့ မပြော ပါနဲ့။ အဲဒီတားမြစ်ချက် သဘောတူညီချက်ကို အပိုဒ်လိုက် comment box မှာ ဖော်ပြပေးပါ။ နောက် အဲဒီသဘောတူညီချက်မှာ ဘယ်နှစ်နိုင်ငံလက်မှတ်ထိုးထားလည်း မြန်မာပါလားဆိုတာပါ ဖော်ပြေ ပး ပါ။ ကျွန်တော်ပြောမယ်ဗျာ ကျွန်တော်သိတာက နိုင်ငံတကာမှာ မိုင်းမသုံးရတဲ့စာချုပ်ရှိတယ် အဲဒီမှာ အမေရိ ကန်တောင် လက်မှတ်မထိုးထားဘူး။ မြန်မာလည်း မထိုးထားဘူး။

အမေရိကန်တောင် အီရတ်ကော အာဖဂန်မှာကော ခုထိ မိုင်းသုံးတုံး။ ဗီယက်နမ်လည်း တကယ်တော့ ပြည်တွင်း စစ်ပဲ အမေရိကန်ကျူးကျော်တယ်လို့သာ လူတွေက အမြင်ရှိနေတာ ဖြစ်တာက တောင်နဲ့ မြောက်ဗီ ယက် နမ်ဖြစ်တာ အမေရိကန်က တောင်ပိုင်းကနေ ကူချတာ။ အဲဒီမှာ မိုင်းလည်း သုံးတယ် လေယာဉ်လည်း သုံးတယ်။ ကျွန်တော်သိသလောက် ပြည်တွင်းစစ်လေးတွေ ပြောကြည့်မယ်နော်။ 

သိရိလင်္ကာပြည်တွင်းစစ် လေယာဉ်နဲ့ချည်းတရစပ်ပစ်ကူ လုပ်ပေးလို့ ကျားလ်သူပုန်တွေ ပျောက်ရော။ ဆီးရီးယားပြည်တွင်းစစ် ဟိုနေ့ကပဲ air attack လုပ်တာ မှားဆော်မိလို့ ပေါင်မုန့် တန်းစီနေ တဲ့သူတွေ အားလုံး သေကုန်ရော။ ဆိုမာလီ ပြည်တွင်းစစ် အမေရိကန်က လေကြောင်းပစ်ကူလုပ်ပေးတာ black hawk down ဆိုပြီး ရုပ်ရှင်တောင်ထွက်လိုက်သေး။ ကိုးရီးယားပြည်တွင်းစစ် အိုး အမေရိကန်က ဗုံးကြဲတာ တောင်ဖက် ကနေ သောက်သောက်လဲ ပြည်သူတွေသေတာ။ 

တရုတ်ပြည်တွင်းစစ် ချန်ကေရှိတ်ကော မော်စီတုန်းရော လေကြောင်းတိုက်ပွဲတွေ အကြီးအကျယ် ဆင်နွှဲ ကြသေးတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း ခဏခဏကို အစ္စရေးက F-16 နဲ့ တက်တက်ဆော်လို့ သေလိုက် တဲ့ ပါလက်စတိုင်းပြည်သူတွေ။ စပိန်ပြည်တွင်းစစ် သုံးလိုက်တဲ့လေကြောင်းပစ်ကူ ရပ်ကို မရပ်တော့တာ ပြီးတဲ့ အထိပဲ။ ကဲပြောပါဦး ဘယ်ပြည်တွင်းစစ်မှာ ဘယ်နိုင်ငံက လေယာဉ်မသုံးတာ လေကြောင်းပစ်ကို မလုပ် တာ ရှိလည်း။ ကြားဖူးနားဝတွေကို လျှောက်ပြော ယုံတဲ့သူကလည်း ပြောတိုင်းယုံ ကိုယ်တိုင် ဟုတ် လား မဟုတ်လား မစုံစမ်းဘူး။


ဝေဟင်ချစ်သူ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်