Sunday, January 06, 2013

မြောက်ဦးမြို့ ရှိ ကွမ်းခြံများ ဖျက်ဆီးခံနေရမှုအား အကြိမ်ကြိမ်တိုင်ကြားသော်လည်း အာဏာပိုင်များ အရေးယူ ဆောင်ရွက်ပေး ခြင်းမရှိ

Posted by drmyochit Sunday, January 06, 2013, under | No comments


မြောက်ဦးမြို့၊ အလယ်ဈေး အုပ်စု၊ ဝသဲရက်ကွက်အနီး တောင်ယာမြေ တွင် ရခိုင်များ လုပ်ကိုင် စားသောက် နေ သောကွမ်းခြံ များကို ကုလားများ လာရောက် ဖျက်ဆီးနေခြင်း အား အရေးယူဆောင် ရွက်ပေး ရန် ကွမ်းခြံ ပိုင် ရှင်များက မြောက်ဦးရဲစခန်း နှင့် တပ်ရင်း ၅၄၀ တွင် အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း ယနေ့ အချိန် ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ထိုသို့ ဒေသခံအာဏာပိုင်များမှ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးမှုမရှိခြင်းနှင့် ရခိုင် ပိုင် ကွမ်းခြံ များအား ဆက်လက်ဖျက်ဆီးခံနေရခြင်းများနှင့်ပတ်သက်၍ အာရ်ကန်တိုင်းမ်စ်က မေးမြန်းရာ "ကျနော်တို့ ကွမ်းခြံတွေ ဖျက်ဆီးခံရတဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ မြောက်ဦးရေးစခန်းနဲ့ တပ်ရင်း ၅၄၀ မှာ ကျနော် တို့သွားရောက် တိုင်ကြားခဲ့ပါတယ်။

တိုင်ကြား တဲ့အတွက် ဖျက်ဆီးခံထားရတဲ့ ကွမ်းခြံနေရာတွေကို အာဏာပိုင်တွေ သွားကြည့်တယ်။ ကျနော့် တို့ကို ထိုဟာမေး ဒီဟာမေး မေးတယ်။ ပြီးတော့ ဘာမှလည်း အရေးယူလုပ်ဆောင်ပေးခြင်းမရှိဘဲ ပြန်သွား တယ်။

အဲဒီလို အာဏာပိုင်တွေက ဘာမှ လုပ်ဆောင် မပေးတဲ့ အတွက် ကုလားတွေက ဆက်ပြီးတော့ ကွမ်းခြံတွေ ကို ဖျက်ဆီးနေ တယ်။" ဟု ကွမ်းခြံ ပိုင်ရှင် တစ်ဦးက ဖြေကြား သည်။

အဆိုပါကွမ်းခြံများအား လာရောက်ဖျက်ဆီးသောကုလားများမှာ မြောက်ဦးမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် ပေါင်းတုတ်ကုလားရွာမှဖြစ်ပြီး ဇန္နဝါရီလ ၂ ရက်နေ့ ညဥ့် ၁၁ နာရီခန့်တွင် မြောက်ဦးမြို့ အလယ်ဈေးအုပ်စု ဝသဲရပ်ကွက်အနီးရှိ ရခိုင်ပိုင် ကွမ်းခြံများ အား လာရောက် စတင် ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

ကွမ်းခြံများ ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ " ကုလားအင်အား ၄၀ လောက်နဲ့ ညဥ့်အချိန်မှာ လာပြီးတော့ ဖျက်ဆီးတာ။ ကျနော်တို့က လူအင်အား ငါးယောက်ပါ။

ကွမ်းခြံတွေကို ကင်းလှည့်မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲဒီအချိန်မှာ ကုလားတွေက ကျနော်တို့ ကွမ်းခြံတွေ ကိုဖျက် ဆီးနေတယ်။

ကျနော်တို့ကင်းလှည့်နေတာကို သူတို့တွေ့သွားတာနဲ့ ကျနော်တို့ကို လေးခွတွေ၊ မျှားစူးတွေနဲ့ပစ်တယ်။ ကျနော် တို့ အသက်လုထွက်ပြေးလာရတယ်။ ဒဏ်ရာတွေတောင် ရလာပါတယ်။ " ဟု ထွက်ပြေး လွတ်မြောက် လာသူ တစ်ဦးက အာရ်ကန်တိုင်းမ်စ်းသို့ ပြောသည်။

ထိုသို့ ဒေသခံအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေခြင်းကြောင့် ကွမ်းခြံ ၁၀၀ ကျော်ရှိရာ တွင် ၇၅ ရာခိုင်နှုန်းမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်းနှင့် ကွမ်းခြံများသာမက လူနေတဲ အိမ်များ၊ တစ်ခြားစိုက်ပျိုးရေးခြံများဖြစ် သော ဘူးခြံ၊ သခွားခြံ၊ ပဲခြံ၊ ပြောင်းခြံနှင့် ဥယဉ်ခြံများလည်း ဖျက်ဆီး ခံနေကြရကြောင်း သိရသည်။

ယခုကဲ့သို့ ကုလားများ၏ အကြမ်းဖက်ရန်စနေမှုများအား ဒေသခံရ ခိုင်များက တရားနည်း လမ်းတကျ ဖြေရှင်းပေး ရန် တိုင်ကြားမှုအား အာဏာပိုင်များမှ လျှစ်လျူရှုနေခြင်းသည် ရခိုင်ပြည်အတွင်း ကုလား-ရခိုင် ပြဿနာ များကို ဆက်လက်ဖန်တီးနေခြင်းနှင့် အလားသဏ္ဍာန်တူနေကြောင်း နိုင်ငံရေးလေ့လာသူများ၏ ဝေဖန်သုံး သပ်မှုများ ထွက်ပေါ် လျှက်ရှိသည်။

Arakan Times

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်