Sunday, January 06, 2013

အတူယှဉ်တွဲမနေထိုင်လိုသည့်ရခိုင်လူမျိုးတို့၏ တောင်းဆိုချက်များအား အုပ်ချုပ်ရေးအာဏာပိုင်များမှ အလေးထားသင့်ဟု ဒေါက်တာအေးမောင်ဆို

Posted by drmyochit Sunday, January 06, 2013, under | No comments

ရခိုင်ပြည်နယ် အတွင်း ဒုတိယ အကြိမ် လူမျိုးစု ပဋိ ပက္ခများ ဖြစ်ပွား ခဲ့ပြီးနောက် ရခိုင် လူမျိုးများ အနေဖြင့် အတူ ယှဉ်တွဲ မနေထိုင် လို သည့်တောင်း ဆိုချက်များအား
အုပ်ချုပ်ရေး အာဏာ ပိုင် များမှ အလေး ထား ဆောင်ရွက် သင့်ကြောင်း ရခိုင် အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌဒေါက် တာအေးမောင်က မြန်မာ့ ခေတ် သို့ ပြောကြား သည်။ 

ရခိုင်ပြည်နယ် အတွင်း ၂၀၁၂၊ ဇွန်လတွင် ပထမအကြိမ် လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ အတွင်း တွင် လည်း ဒေသမငြိမ်သက်မှုကြောင့် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ယနေ့လက်ရှိ အခြေအနေသည် လူတစ်ဦး တစ်ယောက်နှင့် သက်ဆိုင်ခြင်း မရှိတော့ဘဲ လူမျိုးစုများထိရိုက် ခတ်သွားခဲ့ကြောင်းနှင့် လူမျိုးရေး၊ ဘာသာရေး အသွင်သဏ္ဍန်ထိ ကူးပြောင်းခဲ့ကြောင်း ဆက်လက် ပြောကြားသည်။

“နောင်တစ်ချိန် ထပ်မဖြစ်စေဖို့က အတူယှဉ်တွဲနေထိုင်လို့ ဘယ်လိုမှ မရတော့ဘူးလို့ တောင်းဆိုနေတဲ့ ရခိုင် လူမျိုးတွေရဲ့ ဆန္ဒကို အလေး ထားသင့်တယ်။ ကြောက်စရာကောင်းတဲ့ အယူဝါဒရှိတဲ့ လူမျိုးတွေက အရမ်း အန္တရယ်ရှိတယ်။


ရခိုင် လူမျိုးတွေ အနေနဲ့ လည်း ယနေ့လက်ရှိ ကျင့်သုံး မယ်ဆိုတဲ့ နိုင်ငံသား ဥပဒေ အတိုင်း ကျင့်သုံးဖို့၊ ဥပဒေ ကို အလေး ထားဖို့ တောင်း ဆိုနေကြတယ်။ အရင်ကလိုနိုင်ငံတစ်ခု လုံးရဲ့ ရေရှည် အနာဂတ်ကို မျက်ကွယ်ပြုပြီး ကိုယ့်အတွက်ပဲ ကြည့်ခဲ့တဲ့ လူတွေ ထပ်ပေါ်လာရင် ဒီကိစ္စတွေက ပြီးသွားမှာ မဟုတ်ဘူး။

နောက်ပြီး အတူယှဉ်တွဲ မနေနိုင် ဘူးလို့ ပြော တဲ့သူက လူ့အခွင့် အရေးပေ တံနဲ့ အပုတ် ခံရ တယ်ဗျ” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

ဆက်လက်ပြီး “ဘင်္ဂါလီတွေ ဒေသခံတွေကို စော်ကားခဲ့တာတွေ၊ စီးပွားရေးတောင့်တင်း နေတာတွေဟာ အစိုးရ အဆက် ဆက်က မြောက့်ပင့်ခဲ့ တာကြောင့် လို့ယူ ဆတယ်။

ခေတ် အဆက် ဆက် လက်ပေးလာက်ယူ နည်းတွေ မျိုးစုံနဲ့ နိုင်ငံတွင်းက ပင်လယ် ကမ်းစပ်မြို့တွေ၊ မြဝတီ လိုနယ် စပ်မြို့တွေမှာ လုပ်ငန်း ရှင်ကြီးတွေ အဖြစ် အကုန် ရောက်နေတယ်။ နယ်စပ်ကို ဘယ်လောက် ပိတ် ပိတ် ဝင်နေဦး မှာဘဲ။

ကျွန်တော် တို့ဆီမှာ ပင်လယ် လမ်းကြောင်း၊ ကုန်းတွင်း လမ်းကြောင်း ကလည်း လုံခြုံမှု မရှိဘူး။ လူတွေ ကလည်း ကြောက်လန့်နေ ရတယ်။ဒေသ တွင်းမှာ ရှိတဲ့စစ် တပ်က လည်း ချွတ် ချုံကြနေ တယ်။

ဒီတော့ နောက်ကျောကို လုံအောင် ကာရမယ်။ ပြီးမှ ဒီမှာရှိတဲ့ လူတွေကိုဥပဒေအရ ခွဲခြားပေးပြီး ရှိတဲ့ပြည် နယ်နဲ့ တိုင်းတွေမှာ ဘယ်လို ခွဲထားရမလဲဆိုတာကို အစိုးရက စဉ်းစားသင့်နေပြီ” ဟုပြောကြားသည်။

လူမျိုးစု ပဋိပက္ခသို့ အသွင်ဆောင်နေခြင်းကြောင့် “အစ္စရေးနဲ့ ဂါဇာလို ကျွန်တော်တို့ဆီမှာလည်း အုတ်တံ တိုင်းကာ မှ ဖြစ်တော့မယ်” ဟုဒေါက်တာ အေးမောင်ကဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခနှင့် ပက်သက်၍ ညွှန်းဆို သွားခဲ့သည်။

“ဒီမှာကတော့ အတူယှဉ်တွဲ နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီနေ့ထိ ကျွန်တော်တို့ဆီက လယ်တွေ၊ သခွါးခင်းတွေကို မကြာခဏ လာ ဖျတ်ဆီး တယ်။ အခုဆိုအလုပ်မယ့်သူတွေတောင် မရှိတော့ဘူး။

ဒေသဆိုင်ရာ အာဏာပိုင်တွေက သူတို့ဘာသာ လုပ်နေတယ် ဆိုပေမယ့် ထောင့်စေ့ အောင် လုပ်လား၊မလုပ် လား ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးလေ” ဟုမြောက်ဦးမြို့တွင် နေထိုင်သော ဒေသခံ ကိုအောင်စိုးမြင့်က ၎င်းတို့၏ အခြေအနေအား ပြောကြားသည်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် သမ္မတထံသို့ တင်ပြ ခဲ့ပြီးနောက် “ကော်မရှင်ဆိုတာက စုံစမ်းတာပဲရှိမယ်။ သွားကြည့် ကြတယ်။မေးသင့်တာမေးတယ်။

အစီ အရင် ခံစာလည်း တင်ပြီးပြီ။ အစီရင် ခံစာကို အကောင် အထည်ဖော်ရ မှာက အုပ်ချုပ်ရေး အာဏာ ပိုင်ဗျ။ အဲဒီနေရာမှာ လည်း အုပ်ချုပ်ရေးက နှစ်မျိုးရှိတယ်။ ဒေသနဲ့ ဗဟိုပေါ့ဗျာ။

ဒေသ အုပ်ချုပ်ရေး အာဏာ ပိုင်ရဲ့ ပြုမှုဆောင် ရွက်ပုံဟာ အရမ်းကို အရေးကြီး တယ်။ ကျွန်တော် ကတော့ သိပ်အား မရဘူး။ ဒေသအာဏာပိုင်တွေရဲ့ ဖွဲ့စည်းပုံကလည်းမခိုင်မခန့် ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ကာလ တစ်လျှောက် လုံးမှာ ဒုတိယအကြိမ်ဖြစ်ပြီးတော့ ပဋိပက္ခအလွန် ချဉ်းကပ်ပုံက ပဋိပက္ခအသွင်ဆောင်တဲ့ ပုံစံမျိုးတွေ ဖြစ်လာရင် အရမ်း အန္တရယ် ရှိတယ်” ဟု ဒေါက်တာ အေးမောင်ကပြောကြားသည်။

စူးရှ
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်