Sunday, January 06, 2013

KIA ခေါင်းဆောင်များ၏ မှားယွင်းသော ခံယူချက်များကြောင့် ကေအိုင်အေ တပ်ဖွဲ့ဝင်များ အလင်းဝင်မှု များပြားလာ

Posted by drmyochit Sunday, January 06, 2013, under | No comments

ယခု ရက်ပိုင်း အတွင်း KIA အဖွဲ့ဝင်များ အနေဖြင့် အစိုးရ တပ်များထံ အလင်း ၀င်ရောက် မှုများ များပြား လာသည်။ ကချင်ပြည်နယ် အတွင်းရှိ လမ်း/တံတား များကို ဖျက်ဆီးခြင်း၊ လူသစ် စုဆောင်းခြင်း စသော ကချင် အမျိုး တူများ အား ဒုက္ခရောက်စေ ခဲ့သဖြင့် ကချင် လူထု သာမက KIA အဖွဲ့ဝင် များကပါ KIA ခေါင်းဆောင် များ၏ ခံယူချက် များအား သံသယ ၀င်လာကြသည်။

 အခွင့် အရေးပေး ပါက KIA အဖွဲ့ထံမှ ထွက်ပြေးပြီး အစိုးရထံ အလင်းဝင် ရောက်မှုများ များပြား လာခဲ့သည်။ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် KIA အဖွဲ့ ၀င်များ အစုလိုက် အပြုံလိုက် အလင်းဝင် ရောက်လာခဲ့သည်။ အလင်းဝင် ရောက်လာသူများမှာ ယဉ်မျိုး ထွန်း၊ အောင်တင့်၊ ၀ီလီဖွေး၊ အခီးဆား၊ ဖိုးကြည်နှင့် မျိုးဝင်းတို့ (၆) ဦး ဖြစ်ပြီး လက်နက်ငယ် ကိုယ် စီဖြင့် အလင်းဝင်ရောက်ခဲ့ပါသည်။ ၎င်းတို့အား ရှေ့တန်းစခန်းများမှ လိုင်ဇာ စစ်ရုံးချုပ် အား ကာကွယ်ရန် ခေါ်ဆောင် လာစဉ် ထွက်ပြေး လွတ်မြောက် လာသူ များဖြစ်သည်။ အစိုးရမှလည်း အလင်းဝင် များအား နွေးထွေး စွာဖေးမကြို ဆိုခဲ့သည်။


၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မတိုင်မီကာလအတွင်း ၁၇ နှစ်ကျော်ခန့် ကချင်ပြည်သူများ အေးချမ်း ခဲ့ရသည်။ KIAအဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေး ရ ယူ ထားခြင်းကြောင့် ကချင်ပြည်နယ် တစ်ခုလုံး သာယာ ခဲ့သည်။ သို့သော် KIA ဘက်မှစတင်ပြီး အစိုးရတပ်များအား တိုက်ခိုက်လာချိန်မှစတင်ပြီး ကချင် ပြည်သူ တို့ ခိုကိုးရာ မဲ့ခဲ့ရသည်။ KIA ခေါင်းဆောင်များမှာ လိုင်ဇာတွင် စည်းစိမ်အပြည့်ဖြင့် နေထိုင်နေ ကြသော် လည်း စစ်ဘေး ဒုက္ခသည်များ တိုက်ပွဲတွင်ကျဆုံးခဲ့သော ကချင်လူမျိုးများ တစ်နေ့တစ်ခြား တိုးပွား လာ သည်။
KIA အဖွဲ့အတွင်း လူမျိုးရေးခွဲခြားမှုများ လည်းရှိနေသည်။ KIA ခေါင်းဆောင်များမှာ ဂျိန်းဖော လူမျိုး များသာ ဖြစ်ပြီး အခြားကချင်မျိုးနွယ်စုများအား ဖိနှိပ်ထားကာ ဂျိန်းဖောလူမျိုးကြီးဝါဒကို စွဲကိုင် အုပ်ချုပ် ခဲ့သည်။ တပ်ဖွဲ့ အတွင်းတွင် ရာထူးပေးခြင်း၊ အခွင့်အရေးပေးခြင်းများကို ကချင် လူမျိုး များသာ ခံစားရပြီး အခြား လူမျိုးများမှာ နှိပ်ကွပ်ခံရသည်။ တိုက်ပွဲအတွင်း အကျအဆုံးများသဖြင့် ကချင် ပြည်နယ်အတွင်း အရွယ်ကောင်း ယောင်္ကျားများ အား အတင်းဖမ်းဆီးကာ လူသစ်စုဆောင်းခဲ့တယ်။ လူသစ်များအား စစ်ပညာ တတ်ကျွမ်းအောင် သင်ကြားပေး နိုင်ခြင်း မရှိဘဲ သေနတ် တစ်လက်နှင့် ကျည်ဆန် အနည်း ငယ်ကို သာထုတ်ပေး ထားသည်။ စားနပ် ရိက္ခာလည်း လုံလောက်စွာ ထုတ်ပေး နိုင်ခြင်းမရှိဘဲ စခန်း ပတ်လည်ရှိ စားကောင်းသော အသီးအရွက် များကိုသာ ရှာဖွေစား သောက်စေသည်။

လူသစ်များအား ရှေ့တန်း စခန်းများသို့ စေလွှတ်ပြီး ၎င်းစခန်းများရှိ ကချင် လူမျိုး များအား လိုင်ဇာသို့ ပြန်လည် ခေါ်ဆောင် ခဲ့သည်။ အစိုးရမှ တိုက်စစ် ဆင်ချိန်တွင် KIA အဖွဲ့မှ အကျ အဆုံး များခဲ့သည်။ တိုက်ပွဲ အတွေ့အကြုံ မရှိသောလူသစ်များအား အချည်းအနှီးမဲ့ အသေခံသေခြင်း၊ အနိဋ္ဌာရုံများအား မြင်တွေ့ နေ ရခြင်း၊ ယခင်တည်းက ခံယူချက်နှင့် စိတ်ဓါတ်မရှိသူများဖြစ်သဖြင့် စခန်းများမှ အလွယ် တကူပင် ဆုတ်ခွာ ခဲ့ကြသည်။ ထို့သို့ ဆုတ်ခွာ လာသူများအား KIA ခေါင်းဆောင်များမှ သတ်ဖြတ်ပစ်၍ အမိန့် ပေးထား သဖြင့် KIA အဖွဲ့ဝင်များမှ အစိုးရထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
 
KIA ခေါင်းဆောင်များအနေဖြင့် အစိုးရ၏ ကမ်းလှမ်းချက်များအား လက်မခံရုံသာမက ကချင် ပြည်နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာကြသည်။ KIAအဖွဲ့ ရှမ်းများနှင့် တပ်သား သစ် များအား အသေခံစေခြင်း၊ KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များသည် ဒေသခံ ကချင် လူမျိုးများ ကိုသာ ဒုက္ခရောက်စေချင်း စသောအချက်များကို သိမြင်လာသော KIA အဖွဲ့ဝင်များသည် အစိုးရထံ အလင်းဝင် ရောက်ခဲ့သည်။

KIA ခေါင်းဆောင်များ၏ လုပ်ရပ်များကို ရွံရှာမုန်းတီးနေသော KIA အဖွဲ့ဝင် အများအပြား ရှိသော်လည်း ဗိုလ်ချုပ် ဂမ်ရှောင်၏ ရက်စက်တတ်သောစိတ်ထား၊ ဗိုလ်ချုပ် ဂွမ်မော်၏ ကောက်ကျစ်သော စိတ်ထား များအား ကြောက် လန့်ကြသဖြင့် အလင်းဝင်ရောက်၍ ခက်ခဲနေကြခြင်းဖြစ်သည်။ အလင်းဝင် များ၏ ကျန်ရစ် သူ မိသားစု များအား သတ်ဖြတ်ခြင်း၊ အကျဉ်းချခြင်း စသော လူမဆန်သော လုပ်ရပ်များ ကြောင့် မချစ်သော် လည်း အောင့်ကာနမ်း နေကြရခြင်းဖြစ်သည်။ အစိုးရအနေဖြင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို တန်ဖိုးထား သဖြင့် မဖြစ်သာ သည့် အခြေအနေတွင်းမှ တိုက်စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ယခုလည်း အလင်းဝင် ရောက်လာသူများအား နွေးထွေး စွာကြိုဆိုခဲ့ပြီး လိုအပ်သည်များကို ထောက်ပံ့ပေး လျက်ရှိပါသည်။ ထို့ကြောင့် KIA တပ်ဖွဲ့ ၀င်များအနေဖြင့် အကြမ်းဖက်သမားများအဖြစ် ဆက်လက် မရှင်သန်ဘဲ ကချင်ပြည်နယ်နှင့် နိုင်ငံတော်အား အကျိုးပြုနိုင်မည့် လုပ်ရပ်များကို ဆောင်ရွက် နိုင်ရန် အတွက် နိုင်ငံတော်အစိုးရမှ အမြဲကမ်း လင့်လျက်ရှိပါသည်။


ကချင်နေ့စဉ်သတင်းမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်