ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာရှိ ဟွန်ဒါမြန်မာ ကုမ္ပဏီပိုင် သစ်ပါးလွှာစက်ရုံ အတွင်း၌ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ၂၉ ရက် ည ၁၁ နာရီခွဲက မစိုးသက်အေး ၁၅ နှစ် (ဘ) ဦးမင်းသန်း (အုတ်ဆုံ ကျေးရွာ၊ ထီးချိုင့်မြို့နယ်) သည် ညဆိုင်း အလုပ်လုပ်ကိုင် နေစဉ် လည်ပတ် နေသည့် သစ်ပါးလွှာစက် အတွင်းသို့ ဆံပင်ငြိပါပြီး ဦးခေါင်း အရေခွံ ကျွတ်လျက် ယာလက်မောင်းကျိုး ဒဏ်ရာများ ရရှိခဲ့သဖြင့် မြတောင် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က ထီးချိုင့်မြို့ ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၁၇/၂ဝ၁၂ ဖြင့် ရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
:မြဝတီ
Time in Rangoon


0 comments:
Post a Comment