Friday, March 22, 2013

အိမ်ထောင် ဦးစီး တဦး ၀ ဥ ရှာဖွေယင်း ၀က်ဝံ အကိုက်ခံရ

Posted by drmyochit Friday, March 22, 2013, under | No comments



ချင်းပြည်နယ် မတူပီမြို့လောင်ဗန်း ရပ်ကွက်နေ ပူး ခဲန်ဟုန်း (ကွီစားရွာ ဇာတိ) ဆိုသူ သည် မတ်လ ၂၀ ရက်နေ့ က တောထဲ သို့ ၀ ဥ ရှာနေချိန် ၀က်ဝံ အကိုက် ခံရ သည်ဟု ကြားသိ ရသည်။

ပူး ခဲန်းဟုန်းသည် မတူပီ မြို့နယ် တန်ကူ ရွာသို့ သူ့ ဇနီးနှင့် အတူ ၀ ဥ ရှာရန် သွား ကြပြီး သူ့ဇနီး၊ သူ့ ယောက္ခ မနဲ့အတူ တောထွက် ၀ ဥ ရှာချိန်တွင် ယခုလို အဖြစ် ဆိုးနဲ့ ကြုံ ရခြင်း ဖြစ်သည်။

“ ၀က်ဝံ ကိုက်သည့် ဒါဏ်ရာကြောင့် မေးရိုး တဖက် မရှိတော့တဲ့ အပြင် နှာခေါင်း လည်း မရှိတော့ဘူး၊မျက်နှာ တခုလုံး မှတ်မိ စရာမရှိ၊  ကြည့် ရက်စရာ တောင်မ ရှိတော့ဘူး” ဟု မျက်မြင် တဦးက ပြောသည်။

ပူး ခဲန်းဟုန်းသည် သူ၏ ဇနီး၊ ယောက္ခမနဲ့အတူ တောထဲ သွားကြပြီး ပူး ခဲန်းဟုန်း တဦးတည်း ရှာပြီးသား လက်ကျန် ၀ ဥ ကို သွားသိမ်း ချိန်မှာ သူ၏ ထိတ်လန့်တကြား အော်ဟစ် သံကို သူ့ဇနီးနဲ့ သူ့ယောက္ခမ က ကြားလို့ အပြေး အလွှား သွား ကြည့်ရာ မှ ဖြစ်စဉ်ကို သိသွား ကြခြင်း ဖြစ်သည်။

လူနာ ပူး ခဲန်းဟုန်းကို ည ၁၂ နာရီမှာ တန်ကူ ရွာကို ပြန်သယ် လာကြပြီး ည တွင်းချင်း မတူပီ ပြည် သူ့ဆေးရုံ သို့ ပို့ကြသော် လည်း သက်ဆိုင် ရာမှ မန္တလေး အရေးပေါ် ဆေးရုံသို့ ဆက်လက် ပို့ရန် ညွန်ကြား ထားကြသည်။

“ အသက်ရှင် တယ်ပဲထား၊ လူစဉ် မှီဖို့နဲ့ သူ့မိသားစု ရှေ့ရေး အတွက်က ရင်လေး စရာပါ” ဟု ဆလိုင်း ရိုကုန်းက ပြောသည်။

လေ့လာသူ အသီးသီးက မြန်မာနိုင်ငံ အတွင်း အဆင်း ရဲဆုံး ပြည်နယ် အဖြစ် သတ်မှတ်ခံ ဒေသရှိ ချင်းပြည် သူများသည် မိသားစု စားဝတ် နေမှု ဖူလုံ ရေး အတွက် သဘာဝ တောထွက် ၀ ဥ ၊ သစ်ခွ ရှာဖွေ ရောင်းချခြင်း ကို အဓိက အားထား နေကြ သည်။

khonumthungburmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်