Friday, March 22, 2013

တရုတ် အိုင်ပီ လိပ်စာ ကနေ တောင် ကိုရီးယား အင်တာနက် ဆာဗာ များကို တိုက်ခိုက်

Posted by drmyochit Friday, March 22, 2013, under | No comments


တရုတ် နိုင်ငံမှာ အခြေခံ ထားတဲ့ အိုင်ပီ လိပ်စာ တခု ကနေ တောင် ကိုရီးယား နိုင်ငံ ရေဒီယို၊ ရုပ်သံလွှင့် ဌာနတွေနဲ့ ဘဏ်တွေရဲ့ အင်တာနက် ဆာဗာ တွေကို မနေ့က ထိုးဖောက် ခိုးဝင် တိုက်ခိုက် လာတယ်လို့ ဆိုးလ်မြို့ အာဏာပိုင် တွေက ပြောကြား လိုက်ပါတယ်။

ဒီ တိုက်ခိုက် မှုမှာ YTN, MBC နဲ့ KBS တီဗီဌာ နတွေနဲ့ အဓိက စီးပွားရေး ဘဏ် ၂ ခု ဖြစ်တဲ့ ရှင်ဟန် ဘဏ်နဲ့ နွန်ဟျပ် ဘဏ်တွေရဲ့ ဆာဗာ ကွန်ရက် တွေကို ဖြုတ်ချ ခဲ့တာပါ။ ခု တိုက်ခိုက် မှုကြောင့် အဖွဲ့ အစည်း ၆ ခုက ကွန်ပျူ တာ ၃၂၀၀၀ ကို သက်ရောက် ထိခိုက် သွားတယ်လို့ တောင် ကိုရီးယား နိုင်ငံပိုင် အင်တာနက် လုံခြုံ ရေး အေဂျင်စီက ထုတ်ပြန် ပါတယ်။

တောင် ကိုးရီးယား အင်တာနက် လုံခြုံရေး အေဂျင်စီ အဖွဲ့ဝင်များ ဆိုင်ဘာ တိုက်ခိုက် ခံရမှု ဖြစ်စဉ်အား စစ်ဆေး (ဓာတ်ပုံ- AFP)

သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက် ချက်တွေ နဂို မူလ အတိုင်း အပြည့် အ၀ ပြန်ဖြစ်အောင် ၅ ရက်လောက် တော့ အချိန် ယူရမယ် လို့လည်း ဆိုပါတယ်။ ဘဏ်လုပ်ငန်း လည်ပတ်မှုတွေ နဂို အတိုင်း ပြန်ဖြစ် လာစေဖို့ ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန် ကြန့်ကြာခဲ့ ရပြီး တီဗွီ ဌာန တွေရဲ့ ထုတ်လွှင့်မှု တွေကတော့ ပြတ်တောက် သွားမှု မရှိပေ မယ့်လည်း ရုပ်သံ ကွန်ရက် တွေရဲ့ ဆာဗာတွေ အကြီးအကျယ် ထိခိုက် ပျက်စီး သွားတယ် လို့ ဆိုပါတယ်။

စုံစမ်း တွေ့ရှိ ထားတဲ့ အိုင်ပီ လိပ်စာဟာ တိုက်ခိုက် မှု အတွက် ပြုံယမ်း အစိုးရမှာ တာဝန် ရှိတယ်လို့ ညွှန်ပြနေကြောင်း တောင် ကိုရီးယား သမ္မတရုံးမှ အမည် မဖော် ထားတဲ့ တာဝန် ရှိသူ တယောက် ပြောကြား ချက်ကို ကိုး ကားပြီး ယွန်ဟက်ပ် သတင်း ဌာနက သတင်း ထုတ်ပြန် ပါတယ်။

အရင်က တောင် ကိုရီးယား သတင်းစာ တစောင်အပေါ် တိုက်ခိုက် မှုမှာလည်း တရုတ် အိုင်ပီ လိပ်စာ တခုကို သုံးစွဲ ထားတဲ့ မြောက် ကိုရီးယားကို ဆိုးလ် အစိုးရက ခြေရာ ခံမိ ထားပါတယ်။ တောင် ကိုရီးယား အစိုးရ ကလည်း သတိပေး တပ်လှန့်မှု အဆင့်မြှင့် ထားခဲ့ ပါတယ်။

တောင် ကိုရီးယား အဖွဲ့ အစည်း တွေအပေါ် အင်တာနက် လုံခြုံရေး ခိုးဝင် ထိုးဖောက် ခဲ့တဲ့ အရင် ဖြစ်ရပ် တွေကို စုံစမ်း စစ်ဆေးမှု တွေအရ တောင် ကိုရီးယား ကွန်ပျူတာ ကွန်ရက် တွေကို စိမ့်ဝင် ထိုးဖောက်ဖို့ လေ့ကျင့် ပေးထားတဲ့ ပြုံယမ်း အစိုး ရရဲ့ ကွန်ပျူတာ အင်ဂျင် နီယာ တပ်ဖွဲ့ကြီးကို ခြေရာ ခံမိ ထား ပါတယ်။

မြောက် ကိုရီးယား ကတော့ သူဟာ ဆိုက်ဘာ တိုက်ခိုက်မှု ခံရတဲ့ သူပါလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြား ထားပါတယ်။ အမေရိကန် ပြည်ထောင် စုကို အပြစ်တင် ထားပြီး လက်တုံ့ ပြန်မယ် လို့လည်း ခြိမ်းခြောက် ထားပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်