Friday, March 22, 2013

ရည်းစား၏ငယ်ပါကိုဖြတ် ရေအိမ်ထဲပစ်ချခဲ့သူ

Posted by drmyochit Friday, March 22, 2013, under | No comments

ရည်းစား ဖြစ်သူနှင့် စကားများ ကြပြီးနောက် သင်ခန်းစာ ပေးလို သောကြောင့် အိပ်ပျော် နေချိန်တွင် ငယ်ပါကို ဖြတ်ကာ ရေအိမ်ထဲ ချပစ်ခဲ့သော မှုခင်း တစ်ခု အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သည်။ အသက် ၄၁ နှစ် အရွယ်ရှိ ဂျူလီယာ မူနော့ဇ် ဆိုသူသည် ၎င်း၏ ရည်းစားဖြစ်သူ အသက် ၄၆ နှစ် အရွယ်ရှိ ရေမွန် အေးရိစ် ဆိုသူနှင့် စိတ်ဆိုးကာ စကားများ ရန်ဖြစ်ခဲ့ ကြကြောင်း အိမ်နီးချင်း ဘရီနာ လီမာက ရဲတပ်ဖွဲ့ ၀င်များသို့ ပြောပြ ခဲ့သည်။ 

ဂျူလီယာတို့ နေထိုင်သည့် အိမ်ထဲတွင် အော်သံများ ကြားရသောကြောင့် လုံခြုံရေး အဖွဲ့ဝင်များနှင့် အိမ်နီးချင်းများ သွားကြည့်ရာတွင် အေးရိစ်နှင့် ဂျူလှီယာတို့၏ သွေးလွှမ်းနေသော အဖြစ် အပျက်ကို ကြုံတွေ့ ခဲ့ ကြရသည်။ ဂျူလီယာသည် လက်ထဲတွင် မီးဖိုချောင်သုံး ဓားတစ်လက်ကို ကိုင်ထားပြီး ရဲများက ဖြောင့်ဖျကာ ထိန်းသိမ်း သွားရသည်။ အေးရိစ် ကိုမူ ဆေးရုံသို့ ပို့လိုက်ရပြီး အရေးပေါ် ခန်းတွင် အတွင်း လူနာ အဖြစ် စောင့်ရှောက် ထားရသည်။ 

မည်သည့် အကြောင်းကြောင့် ဤမျှ စိတ်နာပြီး လုပ်ဆောင် ခဲ့ရကြောင်းကို ယခုအထိ သတင်း မရရှိ သေးပေ။ ဂျူလီယာကို စိတ်ကျန်းမာရေး အတွက် ရက်ပေါင်း များစွာ ကုသရန် လိုအပ်ကြောင်း၊ ယခု ကျူးလွန်ခဲ့သည့် ကိစ္စနှင့် ပက်သက်ပြီး ဂျူလီယာသည် နှစ်ပေါင်းများစွာ ထောင်ဒဏ် ကျခံ ရဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်း မီဒီယာသို့ ပြောကြား ခဲ့သည်။

မောက္ခ သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်