Friday, March 22, 2013

မိတ္ထီလာမြို့တွင် အခြေအနေ တည်ငြိမ်မှု မရှိသေးသော်လည်း ယမန်နေ့ညကလောက် ဆိုရွားခြင်း မရှိတော့

Posted by drmyochit Friday, March 22, 2013, under | No comments

မိတ္ထီ လာမြို့ သိရိမင်္ဂလာ ရပ်ကွက် အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီး များအား မိတ္ထီလာ ခရိုင် အားကစားကွင်း အတွင်းသို့ တာဝန် ရှိသူများ အရပ်ဘက် အဖွဲ့ အစည်း များနှင့် သံဃာတော် များက ပို့ဆောင် ပေးနေစဉ်

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ခဲ့သော မိတ္ထီလာမြို့မှ ပဋိပက္ခ အခြေ များမှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်ထိ ပြန်လည်တည်ငြိမ်မှု မရှိသေးသော်လည်း ယမန် နေ့ည ပိုင်းကလောက် ပြင်းထန် ဆိုးရွားမှု မရှိတော့ကြောင်း Eleven Media Group သတင်းထောက်၏ သတင်းပေး ပို့မှု အရ သိရပါသည်။

ဆူပူမှု များအား ထိန်းသိမ်း ရန် အတွက် ယမန်နေ့ ညက ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့သော်လည်း ဆူပူသူ လူစု လူဝေးမှာ နေအိမ် များအား မီးရှို့ဖျက်ဆီးခဲ့ကြပြီး သေဆုံးသူ ငါးဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦး ရှိကြောင်း မိတ္ထီလာ ပြည်သူ့ဆေးရုံမှ တာဝန် ကျ ဆရာဝန် တစ်ဦးက မွန်းတည့် ၁၂ နာရီ အချိန်တွင် ပြောကြား ပါသည်။

အဆိုပါ အကြမ်းဖက် ဖြစ်စဉ် များနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ် နိုင်ရန် အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ကို မတ်လ ၂၀ ရက်နေ့ တွင် ဖွဲ့စည်း ခဲ့ကြောင်း သိရှိရပြီး မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဥက္ကဌအဖြစ်လည်းကောင်း၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေး မှူး ဦးတင်မောင်စိုးက အတွင်း ရေးမှူး အဖြစ် လည်းကောင်း၊ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးကျော်အေး၊ မန္တလေးတိုင်း ဒေသကြီး ဒုတိယ တိုင်းရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းနိုင်၊ မိတ္ထီလာ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်မြင့်တို့က အဖွဲ့ဝင်အဖြစ် လည်းကောင်း အသီးသီး ပါဝင်ဖွဲ့ စည်း ခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်စဉ်အမှန် အသေးစိတ်အား စုံစမ်းစစ်ဆေး ၍ တစ်ပတ် အတွင်း ပြန်လည် တင်ပြ ရမည် ဖြစ်သည်။

ဖြစ်ပွား နေသော ပဋိပ က္ခ များကို ဖြေရှင်းရန် ကြားဝင် ညှိနှိုင်း ပေးနိုင်ရန် အတွက် မိတ္ထီလာ မြို့တွင် ရောက်ရှိ နေသော ၈၈ မျိုးဆက် ကျောင်းသား များ အဖွဲ့သည် မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့ သို့ ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်ပြီး ၎င်းတို့ ကြုံတွေ့ ခဲ့ရသော အခြေ အနေ များနှင့် ပတ်သက် ၍ "ကျွန်တော်တို့  ဒုက္ခသည် စခန်း တွေလည်း သွား တယ်။ ဆေးရုံ တွေလည်း သွားတယ်။ ကျွန်တော် မြင်တာ ကတော့ တကယ့် ရိုးရိုး သားသား ပြည်သူ တွေ ကတော့ မဖြစ် ချင်ကြဘူး။ လူတစ် စုက သွေးထိုး လှုံ့ဆော်နေတာ တွေ့ရ တယ်။ သာမန် ပြည်သူ တွေကတော့ အကြမ်း ဖက်ဖို့ ရည်ရွယ် ချက် မရှိဘူး။ ဆေးရုံ မှာတော့ ပစ်ခတ်နှိမ် နင်း ထားလို့ ခြေထောက်၊ ပေါင်တွေမှာ ဒဏ်ရာရထားသူတစ်ချို့ တွေ့ရ တယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော်မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ် တာလောက် ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယော ဂတွေ ရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ် အမြော် အမြင် ကြီးကြီးနဲ့ ထိန်းသိမ်း ကြပါလို့ပဲ မေတ္တာ ရပ်ခံ ချင်ပါ တယ်။ မနက် ကတော့ အကြမ်းဖက်တဲ့ နေရာတွေမှာ လုံခြုံရေး ၀န်ကြီး ကိုယ်တိုင် ၀င်ရောက် ဖြေရှင်း ပေးလို့ နည်းနည်း ငြိမ်သက် သွားတယ်။ တခြားမြို့ကြီး တွေမှာလည်း မသင်္ကာ မှုတွေနဲ့ သံသ ယတွေ ရှိနေ ကြတယ်။ ရန်ကုန်က ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုပြီး အဆင်ပြေ တယ် ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန် လာတာပါ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။

မိတ္ထီလာမြို့ တစ်နေရာတွင် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်

လူစု လူဝေးနှင့် ဆူပူမှုများ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ကြောင်း သိရပြီး ယနေ့ မွန်းလွဲ ပိုင်းတွင် ဆူပူ သူများက ရန်မျိုးအောင် ရပ်ကွက် တော်ဝင် နန်း အနီးရှိ နေအိမ် တစ်လုံး အား လည်းကောင်း၊ ကားကြီး ကွင်း အနီးမှ နေအိမ်တစ် လုံးကို လည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အောင်ဆန်းမြို့သစ်မှ ကျော်ဓာတ် ဆီဆိုင် ကိုလည်း ဖျက်ဆီး ခဲ့သည်ဟု သိရသည်။ လုံခြုံရေးအတွက် နေပြည်တော် လုံခြုံရေးတပ်မှ ရဲတပ် သားအင် အား ၁၅၀ ကျော်၊ ရမည်းသင်းခရိုင်မှ ဒုရဲမှူး သောင်းကြည် ဦးဆောင်သော ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့် တို့ သည် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လုံခြုံရေး တာဝန်များ ဆောင်ရွက်နေကြောင်း သိရ သည်။

ယနေ့နံနက် အစောပိုင်းက ရန်မျိုးအောင် ရပ်ကွက်နှင့် လုပ်သားရပ် ကွက်အ တွင်း ဖြစ်ပွားခဲ့သော ဆူပူမှု များကြောင့် သေဆုံးမှု ရှိနိုင်ကြောင်း သိရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ မိတ္ထီ လာ စည်ပင်သာယာဈေးကြီး ပိတ်ထားသလို အိမ်ဆိုင်အများစုလည်း ပိတ်ထားကြသည်ဟု သိရသည်။ မြို့ပေါ် တွင် နေထိုင်သူအများစုသည် နီးစပ်ရာသို့ ရွှေ့ပြောင်းနေမှုလည်း ရှိနေကြောင်း သတင်းရ ရှိပါသည်။ မီးလောင် မှုဖြစ် စဉ်များနှင့် ပတ်သက်ပြီး မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာခရိုင် လေးခရိုင် မီးသတ်မော်တော်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မီးငြိမ်းသတ်ရေး ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက Eleven Media Group သို့ ပြောကြားသည်။

ကျွန်တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုး လှုံ့ဆော်နေတာတွေ့ရ တယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဆေးရုံ မှာတော့ ပစ်ခတ်နှိမ်နင်းထား လို့ ခြေထောက်၊ ပေါင်တွေမှာဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကို လည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ် တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စ မှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယော ဂတွေ ရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော် အမြင် ကြီးကြီးနဲ့ ထိန်းသိမ်းကြ ပါလို့ပဲမေတ္တာ ရပ်ခံချင် ပါတယ် . . . .


မွန်းလွဲ ၁ နာရီအချိန်က စတင်လောင်ကျွမ်းခဲ့သည့် ကားကြီးဝင်းအရှေ့ဘက် မီးလောင်ကျွမ်းမှုသည် အခြားနေ ရာများ သို့ ကူးစက်လောင် ကျွမ်းလျက် ရှိနေပြီး သီရိမင်္ဂလာရပ်ကွက်ရှိ AGD ဘဏ်အနီးသို့ ကူးစက်လောင် ကျွမ်းနေကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန်အတွက် မီးသတ်ယာဉ် အလုံ အလောက် မရှိခြင်း၊ ရှိနေသော မီးသတ်ယာဉ်များမှာလည်း မီးလောင်ကျွမ်းရာ နေရာသို့ သွားနိုင်ရန် အတွက် လုံခြုံရေး အလုံအလောက် မရှိခြင်းတို့ကြောင့် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်မရ ဖြစ်နေကြောင်း မိထ္ထီ လာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားသည်။


လှည့်ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့ယာဉ်တန်းအား တွေ့ရစဉ်

ယခုဖြစ် စဉ်များနှင့် ပတ်သက်ပြီး"ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးပြီ ဖြစ်တဲ့အတွက် ရဲက အရေးပိုင်ပြီ။ ရဲအရေး ပိုင်ပြီဖြစ် တဲ့အတွက် တရားဥပဒေ စိုးမိုးရေးရှိဖို့ ထိထိရောက်ရောက် နဲ့ ပုဒ်မ ၁၄၄ ကို အသက်သွင်းဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောခိုင်းတယ်။ အဲဒါကိုလည်း ကျွန်တော်ပြော ပြီးပြီ။ တိုင်းဒေ သကြီး ၀န်ကြီး ချုပ်ကလည်း လုပ်ပေး ပါမယ်လို့ ပြောတယ်။ လောလောဆယ်တော့ အခြေအနေက မတည်ငြိမ်သေးဘူး။ တစ်ခုခုဖြစ်မှာကို ပြည်သူတွေက ကြောက်နေကြတယ်" ဟု အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က Eleven Media Group သို့ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။

ညနေပိုင်း အခြေ အနေမှာမူ ယမန့်နေ့ ညက ဖြစ်ပွား ခဲ့သည့် အခြေ အနေ ကဲ့သို့ မဆိုး ၀ါးတော့ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့်အပြင် အင်းဝဘဏ်ရှိ ငွေကြေးများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်း ရန်အတွက် တပ်မတော်မှ လာရောက်ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက်နေ ရာယူထားသည်ဆိုသော သတင်းများ ပျံ့နှံ့ခဲ့ခြင်းကြောင်း လူစုလူဝေးဖြင့် သွားလာမှုများ လျော့ နည်း သွားကြောင်း သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ ညနေလေးနာရီ ၀န်းကျင်တွင် မိတ္ထီလာမြို့ သီရိ မင်္ဂလာ ရပ်ကွက် အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေးနှင့်လူကြီးများအား မိတ္ထီလာခရိုင် အားကစားကွင်းအတွင်းသို့ တာဝန် ရှိသူများ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရ သည်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်အထိ မိတ္ထီ လာပြည် သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၄၂ ဦးရှိကြောင်း မိတ္ထီလာပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ တာဝန်ရှိသူက ''ဆေးရုံကို ရောက်ရှိလာသူ ၄၂ ဦးမှာ သေဆုံးသူစာရင်းကတော့ အပြောင်းအလဲ မရှိသေး ပါဘူး။ ဒါက ဆေးရုံမှာရောက်ရှိလာတဲ့ စာရင်းပါ။ ဒဏ်ရာရသူ စာရင်းကတော့ တိုးလာပြီး လက်ရှိအချိန်ထိ စာရင်းအရ ၃၇ ဦး ရှိပါတယ်။ ဆေးရုံမှာမရှိတဲ့ ဆေးအချို့ကလွဲပြီး ဆေးရုံရောက်လာသူ အားလုံး ကို ကုသပေးဖို့ ဆေးဝါးလုံလောက်မှု ရှိပါတယ်။ ဆေးရုံ ဝန်ထမ်း အင်အား ဖြည့်တင်းပြီး အချိန်ပြည့် ကုသမှု ပေးနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေး ထားပါတယ်'' ဟု ပြောကြား ခဲ့သည်။


Photo - AFP

မိတ္တီ လာမြို့ ပဋိ ပက္ခဖြစ်စဉ် ၏ လက်ရှိ အခြေ အနေ များနှင့် ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိ သူတစ် ဦးက ''လက်ရှိအခြေနေက အနည်းငယ် လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါကိုလည်း တည်ငြိမ်စေဖို့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
“လောလော ဆယ် လုံခြုံရေးတွေ လှည့်ကင်းဆောင်ရွက်နေတာ တွေ့ရတယ်။ နေ့ဘက်ကလိုတော့ ဆူဆူညံ ညံတွေ မရှိတော့ပါဘူး။ ၉ နာရီခွဲ ဝန်းကျင်လောက်ကတော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို လူနှစ် ဆယ်လောက် က ဖျက်နေတယ်လို့ကြားလို့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ထိန်းသိမ်းနေတယ်လို့ သိရတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ အဲဒီလို ကောလဟာလတွေတော့ ခဏခဏ ကြားနေရတယ်” ဟု မိတ္ထီလာ မြို့သို့ေ၇ာက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ ပြောကြားချက်အရ သိရသည်။

မိတ္ထီလာမြို့၏ နောက်ဆုံးအခြေအနေအား သိရှိရန်အတွက် ည ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ဆက်သွယ် မေးမြန်း ခဲ့ရာတွင် "အခြေအနေက တည်ငြိမ်နေပါပြီ။ ကောလာ ဟလ သတင်းတွေပဲ ကြားနေတာ ရှိပါတယ်။ ရဲတပ် ဖွဲ့ကို မေးမြန်း ကြည့်တော့ တည်ငြိမ်မှု ရသွားပြီလို့ ဖြေကြားပါတယ်" ဟု Eleven Media Group သတင်းထောက် က ပြောကြား သည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်