Friday, March 22, 2013

Eleven Media Group ကဖော်ပြတဲ့ မိတ္ထီလာမြို့ နေ့လည် ၁ နာရီ ၁၀ မိနစ် အချိန် အခြေအနေ

Posted by drmyochit Friday, March 22, 2013, under | No comments


Updated (မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်

မိထ္ထီလာမြို့၏ လက်ရှိ အခြေအနေသည် မီးရှို့ဖျက်ဆီးမှု အခြေအနေမှ ဖောက်ထွင်း လုယက်မှုများ လုပ်ဆောင် သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မိထ္ထီလာမြို့ရှိ အမည်မဖော်လိုသူ လုံခြုံရေး အရာရှိ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ 

ထို့အတွက်ကြောင့် မိထ္ထီလာ မြို့တွင်း၌ တုတ်၊ ဓားကိုင်ဆောင်ပြီး သွားလာနေသူများကို ဖမ်းဆီး စစ်ဆေး လျက်ရှိပြီး ဖောက်ထွင်း လုယက် ပစ္စည်း သယ်ဆောင်လာသူများကိုလည်း ဓာတ်ပုံရိုက်၊ မှတ်တမ်းယူပြီး ပစ္စည်းကို ပြန်လည် သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသည်ဟု မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။ 

ထို့အပြင် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းနိုင်ရန် အတွက် လုံခြုံရေး တာဝန် ယူထားသူများ အနေဖြင့် အင်အား မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်