Friday, March 22, 2013

ခိုးယူရန် အိမ်တွင်းဝင်စဉ် လူမိ၍ ဓားဖြင့်ခုတ် တိမ်းရှောင်ထွက်ပြေး

Posted by drmyochit Friday, March 22, 2013, under | No comments


ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် (အမှတ် ၃၃)၊ ရွှေနှင်း ဆီးကန်လမ်း၊ (၅) ရပ်ကွက်နေ ဒေါ်ဝင်း ၀င်းမော် ၏ နေအိမ်တွင ၂၁-၃-၂၀၁၃ ရက်နေ့ ည ၂၀၀၀ အချိန်မှာ သူခိုး ၀င်ရောက်ရာ လူမိ သွား သဖြင့် သူခိုးက ဓားဖြင့်ခုတ် တိမ်းရှောင် ထွက်ပြေး သွားကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွ့မှ သတင်း ရရှိ ပါသည်။

ဖြစ်စဉ်မှာ ဒေါ်ဝင်းဝင်းမော် (ဘ) ဦးကြီးနှင့် (သား) စိုးကျော်စွာ၊ (သမီး) လင်းထက်ရီထွန်း၊ (ညီမ) ခင်စိုးဦး တို့သည် မြေညီထပ်တွင် (TV) ကြည့်ပြီး ထမင်း စားရန် ထမင်းစားခန်းသို့ အသွား အ၀တ်လျှော်စက် အနီးတွင် အသက် (၂၀) ကျော်ခန့် မျက်နှာသွယ်၊ ဆံပင် အနက်တို၊ ခန္ဓာကိုယ်သွယ်၊ အရပ် ၅’၃” ခန့်၊ စွပ်ကျယ် အဖြူ၊ လောင်းဘီ တို့ ၀တ်ဆင်သူ လူငယ်တစ်ဦးသည် အသင့် ပါလာသော ဓါးဖြင့် ခုတ်သတ် ခဲ့တယ်လို့ သိရပါသည်။

သူခိုးက ဓါးဖြင့် ခုတ်မှုကြောင့် ဒေါ်ဝင်းဝင်းမော်ထွဋ်တွင် (ယာ) လက်မောင်း ပြတ်ရှ ဒဏ်ရာ၊ (၀ဲယာ)လက်ဖ၀ါး ပြတ်ရှ ဒဏ်ရာ၊ (၀ဲ) လက်ဖျံ ပြတ်ရှ ဒဏ်ရာ ၊ စိုးကျော်စွာတွင် ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာ၊ (၀ဲ) လက်မောင်း ပြတ်ရှ ဒဏ်ရာ၊ (အောက်)နှုတ်ခမ်း ပြတ်ရှ ဒဏ်ရာ၊ လက်လက်ရီထွန်းတွင် နဖူး၊ ၀ဲပါး၊ နှာခေါင်း ပြတ်ရှ ဒဏ်ရာ၊ ဒေါ်ခင်စိုးဦးတွင် (၀ဲ) လက်ခလလယ်/လက်သူကြွယ် ပြတ်ရှ ဒဏ်ရာ အသီးသီး ရရှိ ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဒဏ်ရာ ရသူများကို မြောက် ဥက္ကလာပ ဆေးရုံတွင် အတွင်း လူနာ (မစိုးရိမ်ရ) အဖြစ် ကုသလျက် ရှိပါသည်။

တရားခံမှာ အိမ်ရှင် မိသားစုက အော်ဟစ် အကူအညီ တောင်းစဉ် နောက်ဖေး အုတ်တံတိုင်း ကျော်ထွက်ပြေး သွားသဖြင့် မရမ်းကုန်း ရဲစခန်းမှ အမှုဖွင့် အရေးယူရန် စစ်ဆေး ဆောင်ရွက် လျက်ရှိပြီး၊ မသင်္ကာ တရားခံ ဖမ်းဆီးရမိရေး၊ တိုင်း/ခရိုင် အထူး အဖွဲ့များမှ အဖွဲ့ခွဲ စုံစမ်း လျက်ရှိကြောင်း သတင်းရရှိပါသည်။

သစ်ထူးထွင် မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်