Friday, March 22, 2013

စစ်တွေမှ ထိုင်းသို့သွားမည့် မူဆလင် ၉၀ ကျော် မြိတ်တွင် ဖမ်းဆီးထား

Posted by drmyochit Friday, March 22, 2013, under | No comments


ထိုင်းနိုင်ငံ သို့ သွားရောက် ရန် အတွက် ရခိုင်ပြည် နယ်၊ စစ်တွေမြို့မှ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်သို့ ရောက်ရှိ လာသည့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား ၉၀ ကျော် ကို ယခု သီတင်းပတ် အတွင်း ဖမ်းဆီးကာ ထိန်းသိမ်း ထားကြောင်း ဒေသခံ များနှင့် အာဏာ ပိုင် များက ပြောသည်။

“အားလုံး ၉၂ ယောက်။ ယောက်ျား/ မိန်းမ ခွဲနေ တုန်း ပါ။ စစ်ဆေး ဆဲပဲ ရှိပါသေး တယ်။ လဝက ဥပဒေနဲ့ပဲ အရေး ယူမယ်” ဟု ခရိုင် လဝက အရာရှိ တဦးက ပြောသည်။

ဒေသခံ များ၏ သတင်းပေးချက်အရ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ဒေသခံ ရဲတပ်ဖွဲ့နှင့် တပ်မတော် ကြည်း တပ်၊ ရေတပ်တို့ ပူးပေါင်း ရှာဖွေရာမှ မတ်လ ၁၇ ရက်နေ့တွင် ၇၁ ဦး၊ ၁၉ ရက်နေ့တွင် ၈ ဦးနှင့် ၂၀ ရက်နေ့ တွင် ၁၀ ဦးကျော်ကို အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းပြင် ခရီးသည်များ စီးနင်းလာသည့် မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင်နှစ်လုံးတပ် အလျား ၅၀ ပေ၊ အနံ ၂၅ ပေရှိ သစ်သားစက်လှေ တစီးကိုလည်း မြိတ်မြို့ မဇောကျေးရွာအုပ်စု ရှမ်းထိန် ကျေးရွာအနီး ချောင်းကမ်း စပ်တွင် သိမ်းဆီး ရမိ သည်ဟု ဆိုသည်။

“သူတို့ထဲမှာ အမျိုးသမီး ၁၀ ယောက်လောက် ပါတယ်။ အခု ခရိုင် လဝက ကို လွှဲပေးထားပါတယ် ခင်ဗျ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုနှစ် အတွင်း ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မူဆလင် ၈၅ ဦး ကိုလည်း ဇန်န ဝါရီလ ၂ ရက်နေ့က ကော့သောင်း မြို့သို့  စက်လှေဖြင့် ရောက်ရှိခဲ့ရာ ကော့သောင်း လဝက ရုံးက ရန်ကုန် လဝက ရုံးမှတဆင့် စစ်တွေ မြို့နယ်သို့ ပြန်လည် ပို့ဆောင် ခဲ့သည်။

၎င်းပြင် ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင်လည်း မြိတ် မြို့နယ်သို့ ၆၀ ကျော် ရောက်ရှိ ခဲ့ပြီး ဒေသ အာဏာ ပိုင်များ က ဖမ်း ဆီး ခဲ့ကာ လဝက ဥပဒေဖြင့် အရေး ယူခဲ့သည်။

Photo: ထိုင်းနိုင်ငံ အတွင်း ခိုးဝင် လာသော မူဆ လင်များ အားဖမ်း ဆီးထားပုံ
စံခလပူရီ (မဇ္ဈိမ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်