Friday, March 22, 2013

မိတ္ထီလာတွင် သတင်းထောက်များ ခြိမ်းခြောက် ခံနေရ

Posted by drmyochit Friday, March 22, 2013, under | No comments


မိတ်ထီလာမြို့မှာ ဖြစ်ပေါ် နေတဲ့ ပဋိပက္ခ အခြေအနေတွေကို သတင်း ရယူ နေတဲ့ ပြည်တွင်း ပြည်ပ သတင်း ထောက်တွေရဲ့ ကင်မ ရာတွေကို အကြမ်းဖက် လူအုပ်စု အချို့က အတင်း အဓမ္မ သိမ်းယူ သလို ရိုက်နှက် မယ်ဆိုပြီး ခြိမ်းခြောက် ခံနေ ရတယ်လို့ သတင်း လွတ်လပ်ခွင့် ကော်မတီက သတင်း ထုတ်ပြန် လိုက်ပါတယ်။

သတင်း လွတ်လပ်ခွင့် ကော်မတီ အနေနဲ့ မိတ္ထီလာမြို့နဲ့ သွားရောက် သတင်း ယူနေတဲ့ သတင်း သမား တွေရဲ့ လုံခြုံ ရေးကို အထူး စိုးရိမ်ပြီး သတင်း သမားတွေ အပေါ် ခြိမ်းခြောက်ခြင်း၊ အတင်း အကျပ် ဖိအား ပေးခြင်း တွေအပေါ် အပြင်း အထန် ရှုတ်ချ တယ်လို့ ကြေညာ ချက်က ဆိုပါတယ်။

အစိုးရ တာဝန် ရှိသူတွေ၊ မိဘ ပြည်သူ တွေအနေနဲ့ သတင်းမှန် တွေကို တင်ပြနိုင်ရေး ကြိုးပမ်းနေတဲ့ သတင်း မီဒီယာ သမား တွေရဲ့ လုံခြုံရေးကို အထူး ဂရုစိုက် ပေးဖို့နဲ့ သတင်း သမားတွေ အနေနဲ့လည်း လုံခြုံ ရေးနဲ့ ဘေး အန္တရာယ် ကင်းရှင်း ရေးကို အထူး ဂရုပြု ကြဖို့လည်း  တိုက်တွန်း ထားပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်