Friday, March 22, 2013

ကာမိုင်း ရဲစခန်းအား တိုက်ခိုက်ခဲ့သူအား KIA မှ ပြင်းထန်စွာ အရေး ယူတော့မည်

Posted by drmyochit Friday, March 22, 2013, under | No comments

လိုင်ဇာရှိ KIA ဌာနချုပ် အနေဖြင့် KIA တပ်ရင်း (၆)မှ တပ်ရင်းမှူး အင်ခွန် ဇော်ဒွဲအား ကာမိုင်း ရဲ တပ်ဖွဲ့  စခန်းငယ် လေးအား အင်အားသုံး ၀င်ရောက် တိုက်ခိုက် မှုနှင့် ပတ်သက်၍ အရေး ယူရန် စီစဉ် နေပါသည်။ 

အင်ခွန် ဇော်ဒွဲအား KIA ဗဟိုမှ တပ်မတော် စစ်ကြောင်း များအား တိုက်ခိုက် ရန်သာ အမိန့် ပေးထား ခြင်းဖြစ်ပြီး ကာမိုင်း ရဲစခန်းအား တိုက်ခိုက် ရန် အမိန့် ပေးထား ခြင်း မရှိကြောင်း လိုင်ဇာ ဌာနချုပ်မှ ဖြေရှင်း ချက် ထုတ်ပြန် ထားသည်။ အင်ခွန်ဇော်ဒွဲ အနေဖြင့် ခိုင်းတာ တစ်ခြား၊ လုပ်ဆောင် တာ တစ်ခြား ဖြစ်နေ သည့် အတွက် လိုင်ဇာ ဌာနချုပ် သို့ ခေါ်ဆောင် ထား ခဲ့သည်။

ကာမိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းအား KIA အင်အား (၁၀၀) ကျော်ဖြင့် ၀င်ရောက် တိုက်ခိုက် ခဲ့ သည့် အတွက် ဒေသခံ ကချင် လူမျိုးများ အပါအ၀င် လူထုမှ ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချ ခဲ့သည်။ အင်ခွန် ဇော်ဒွဲ အနေဖြင့် ကာမိုင်း ရဲစခန်းအား နှစ်ကြိမ် တိုင်တိုင် တိုက်ခိုက် ခဲ့သည့် အပြင် အဆိုပါ တိုက်ပွဲ အောင်မြင် ခဲ့မှု များနှင့် ပတ်သက်၍ မီဒီယာ များသို့ ဆက်သွယ် ပြောကြား ခဲ့ခြင်း အတွက် KIA ဗဟိုမှ မကျေ မနပ်ဖြစ်ကာ ယခု ကဲ့သို့ လိုင်ဇာသို့ ခေါ်ယူ ထားခြင်း ဖြစ်သည်။ 

ထို့အပြင် အင်ခွန်ဇော်ဒွဲ အနေဖြင့် ၄င်း စိုးမိုးရာ နေရာ ဒေသရှိ လုပ်ငန်း ရှင်များ ဈေးဆိုင် များအား KIA ဗဟို မှကောက် ခံသော ရန်ပုံငွေနှုန်းထားများအား မီဒီယာသို့ အတိအလင်း ဖွင့်ပြောခဲ့သည်အတွက် KIA ဗဟို အနေဖြင့် လက်ရှိတွင် တပ်ရင်းမှူး ရာထူးမှ ချထား သည့်အပြင် စခန်း အတွင်း ချုပ်နှောင် ထားကြောင်း သိ ရှိရ ပါ သည်။ အင်ခွန် ဇော်ဒွဲကို ဗဟိုမှ ဘယ်လို အပစ် ပေးမလို ဆိုတာ မသိရကြောင်း သေဒဏ် ပေးရန် ရှိကြောင်း ၎င်းတပ် ဖွဲ့ ၀င် တစ်ဦးမှ ပြောပြ ခဲ့ပါသည်။


ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်