Friday, March 22, 2013

အရေးပေါ် ကာလ ဆိုင်ရာ ပြဌာန်းချက် များနှင့် စပ်လျဉ်း ၍ ရှင်းလင်းချက်

Posted by drmyochit Friday, March 22, 2013, under | No comments



မိတ္ထီလာ ခရိုင်အား အရေးပေါ် အခြေ အနေ ကြေညာ ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)ပါ ပြဌာန်း ချက်အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော် သမ္မတ က ထုတ်ပြန် ကြေညာခြင်း ဖြစ်ပါသည်။

ထုတ်ပြန် ထားသည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်၊ စာပိုဒ်(၃)တွင် ဖော်ပြ ထား သည်မှာ "ဖွဲ့စည်း ပုံ အခြေ ခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်း ချက်အရ တာဝန် ထမ်းဆောင် ရာတွင် ထိရောက် မှု ရှိစေရန် တပ်မတော်၏ အကူ အညီကို ရယူဆောင် ရွက်ရမည်။" ဟူ၍ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ခြင်း အတွက် ပြဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းပြဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့် သုံးခြင်း မရှိသေး ပါ။ 

ယခု နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်သည့် အမိန့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က) ပါပြ ဌာန်း ချက်အရ အပ်နှင်းထားသည့် အခွင့်အာဏာကို ရယူခြင်းသာ ဖြစ်၍ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း သိစေအပ် ပါသည်။ အရေးပေါ်အခြေအနေ အဆင့်(၂)ဆင့်ရှိသည့်အနက် စစ်အုပ်ချုပ်ရေးမဟုတ်သော အခြေ အနေကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ 

အချုပ် အားဖြင့် ယခု ထုတ်ပြန်သည့် အမိန့်မှာ "စစ် အုပ်ချုပ်ရေး အမိန့် Military Administrative Order ပါဝင်ခြင်း မရှိသော မိတ္ထီလာ ခရိုင်အား "State of Emergency ကြေညာခြင်း"သာ ဖြစ်ကြောင်း ရှင်းလင်း အပ်ပါသည်။ 

(မှတ်ချက်။ စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီ ဟူ၍ နားလည်မှု လွဲမှားနေသူအချို့ ရှိနေခြင်းကြောင့် သိရှိစေရန် ရှင်းလင်း ရခြင်း ဖြစ်ပါသည်။)

Credit: Hmuu Zaw

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်