Friday, March 22, 2013

တရုတ်နိုင်ငံတွင် မုန်တိုင်းကြောင့် ၉ ဦးသေဆုံး

Posted by drmyochit Friday, March 22, 2013, under | No comments


တရုတ် နိုင်ငံ တောင်ပိုင်း ကွမ်တုန် ပြည်နယ်မှာ မုန်တိုင်းကြောင့် လူ ၉ ဦး သေဆုံး သွားပြီး ၂၇၂ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အစိုး ရက ဒီနေ့ ပြောကြားပါတယ်။

တုံကွမ်မြို့တော်မှာ မတ် ၂၀ ရက် နေ့လယ်ပိုင်းက မိုးသက် မုန်တိုင်း တိုက် ခတ်ပြီး မိုးသီး တွေလည်း ကျလာ ခဲ့တာပါ။ လေတိုက် နှုန်းက ၁ နာရီ ၁၇၆.၈ ကီလို မီတာ အထက် ရှိပြီး ဆီးနှင်း ထုက ၄၀.၆ မမ အမြင့် ထိတောင် ရှိတယ်လို့ တုံကွမ် မြို့တော် အစိုးရရဲ့ ပြောရေး ဆိုခွင့် ရှိသူ တုန်ဟောင်ချွမ်က ပြောပါ တယ်။

မိုးလေ ၀သ မှတ်တမ်း စတင် ထားရှိချိန် ကတည်း ကဆိုရင် အခု တိုက်ခတ် တဲ့မုန် တိုင်းဟာ တုံကွမ်မှာ အင်အား အပြင်းဆုံး တော်နေဒို ဖြစ်တယ်လို့ တုန်က ဆိုပါတယ်။ ပျက်စီး ဆုံးရှုံး မှုတွေကို စာရင်း ပြုစု နေဆဲ ဖြစ်ပါ တယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်