Friday, March 22, 2013

မိတ္ထီလာတွင် ကွန်ယက်တွေအများကြီးရှိကြောင်း မင်းကိုနိုင်ပြောသော်လည်း မီးလောင်နေသော အဆောက်အအုံများအား ဘယ်ကွန်ယက်ကမှ လာ၍ မီးကူငြှိမ်းပေးခြင်းမရှိ

Posted by drmyochit Friday, March 22, 2013, under | No comments









မိတ္ထီလာတွင် ကွန်ယက်တွေအများကြီးရှိကြောင်း မင်းကိုနိုင်ပြောသော်လည်း၊ မျက်ခြေ မပျက် စောင့်ကြည့် နေကြောင်း အမေရိကန်သံရုံးပြောသော်လည်း မီးကူငြိမ်းပေးသူ တစ်ယောက်မှ မရှိ တာကြောင့် လုံခြုံရေး တာဝန် ယူထားသော ရဲတပ်ဖွဲ့များမှ လုံခြုံရေးမလုပ်ရပဲ မီးငြိမ်းနေရကြောင်း သတင်းရရှိသည်။

လူနေ စိပ်သော မိတ္ထီလာမြို့တွင် အဆောက်အအုံကြီးများကို မီးလောင်နေသဖြင့် မီးညွန့်ကျိုးအောင် မနည်းငြိမ်း နေရာပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ကိုယ်တိုင် မီးငြိမ်းရာနေရာသို့ ရောက်ရှိ နေကြောင်း သိရ သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှင့် အဖွဲ့ မိတ္ထီလာသို့ရောက်နေသည် ဆိုသော်လည်း မီးလောင် ရာနေရာ သို့ ရေတစ်ပုံး ခပ်ကာ လောင်းပေးခြင်း မရှိပဲ ကားလျှောက် စီးနေကြောင်း သိရသည်။ မင်းကိုနိုင် မှ မိတ္ထီလာတွင် ၎င်းတို့၏ ကွန်ယက် အများ အပြား ရှိသည်ဟု ပြောခဲ့ပြီး NLD ဦးဝင်းထိန်လည်း ရောက်နေ ကြောင်း သိရသော်လည်း မည်သည့် ကွန်ယက် နှင့် မည်သည့် NLD မှ ဝိုင်းဝန်း မီးငြှိမ်း ပေးတာမျိုး လုံးဝ မရှိကြောင်း သိရသည်။

မီးသတ် အင် အားဖြင့် မလုံလောက် သောကြောင့် လုံခြုံရေး အဖွဲ့များက မီးငြှိမ်း သတ်နေရ သည်ကို မီဒီယာ သမားများက တွေ့မြင် ကြသော်လည်း ဝင်ရောက်ကူညီ ငြှိမ်းသတ်ခြင်း တစ်ယောက်မှ မရှိသည့် အပြင် လုံခြုံရေး အားနည်း သည်ဟုသာ အကြိမ်ကြိမ် ရေးသား ဖော်ပြလျှက် ရှိကြသည်။

တစ်ကယ် ပြဿနာ ဖြစ်ပြီဆိုလျှင် မြန်မာပြည်ကြီး တိုးတက်အောင် လုပ်နေတဲ့ ၈၈ ကလူတွေ ဘယ်ချောင် မှာ ၀င်အိပ်နေ သလဲ။ ပြဿနာလေး ငြိမ်သွားပြီ ဆိုလျှင် ၈၈ ကလူတွေ အသံကောင်း ဟစ်ပြီး ထွက်လာကြ လိမ့်ဦးမည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်