Friday, April 05, 2013

စစ်ဖြစ်လာနိုင်တယ်လို့ သံအမတ်ကြီးဟောင်း သုံးသပ်

Posted by drmyochit Friday, April 05, 2013, under | No comments

 မြောက်ကိုရီးယား ဖက်က စစ်အင်အားပြ

မြောက် ကိုရီးယားက သူ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အမေ ရိကန်ကို တိုက်ခိုက်ရေး အတွက် အမိန့် ပေး အတည်ပြု ပြီးပြီလို့ ဆိုလိုက်ပြီး လိုအပ်ရင် နျူးကလီးယား လက်နက်ကို အသုံးပြုဖို့ပါ မီးစိမ်းပြထား တယ်လို့ လည်း ဆိုနေ ပါတယ်။

တချိန်တည်းမှာပဲ မြောက် ကိုရီး ယားဟာ သူတို့ရဲ့ မစ်ဇိုင်း ဒုံး တလုံးကို အရှေ့ဘက် ကမ်းရိုးတန်းဘက်ဆီ 
ရွှေ့ပြောင်း လိုက်တယ် လို့လည်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေး ပြောဆို ပါတယ်။

အမေရိကန် ပြည်ထောင်စု ကလည်း ပစိဖိတ် သမုဒ္ဒရာထဲမှာ ရှိတဲ့ ဂွမ် ကျွန်းငယ် ပေါ်မှာ မစ်ဇိုင်း ကာကွယ်ရေး စနစ် ရွှေ့ပြောင်း ထားပြီလို့ တုန့် ပြန် ကြေညာ ခဲ့ပါတယ်။

ဂွမ်ကျွန်းဟာ မြောက် ကိုရီးယားက ကြေညာ ထားတဲ့ ပစ်မှတ်တွေ ထဲက တခုလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဗြိတိန် သံ အမတ်ကြီး တာဝန်ယူ ခဲ့ဖူးသူ ဗြိတိန် သံအ မတ်ကြီး John Everard က သူ့အနေနဲ့ တော့ တိုက်ခိုက်မှုတွေ ဖြစ်လာ လိမ့်မယ်လို့ ထင်ပြီး ထင်စရာ အကြောင်း တချို့ ကလည်း
ပထမ အချက်က အရင် တုန်းကလည်း တဘက်နဲ့ တဘက် အပြန် အလှန် ခြိမ်းခြောက်မှု တွေရှိခဲ့ဖူး ပေမဲ့ ဒီ တခါလောက် ပြင်းပြင်း ထန်ထန် မဖြစ်ခဲ့ ဖူးဘူး ၊ နောက် ဒုတိယ အချက်က အရင်တုန်း က မြောက် ကိုရီး ယားရဲ့ ခြိမ်းခြောက်တဲ့ ကြေညာ ချက်တွေဟာ ထိပ်ဆုံး ခေါင်းဆောင်နဲ့ တိုက်ရိုက် ဆက်စပ်မှု မရှိခဲ့ ဘူးပဲ အရင် တုန်းက ထိပ်တိုက် တွေ့ဆုံမှုတွေမှာ သူတို့ရဲ့ ကြေညာ ချက်တွေကို နိုင်ငံခြား ရေး ဝန်ကြီး ဌာန အဆင့် ကပဲ လုပ်လေ့ ရှိပေမယ့် ခု တခါမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကိုယ်တိုင်က လုပ်တာ ကြောင့် ဒါဟာ မြောက် ကိုရီးယား ဘက်က ကြည့်ရင် ထူးခြားတဲ့ အချက် ဖြစ် သလို တရုတ်ရဲ့ ပြုမူပုံဟာလည်း ဒီတခါ ခါတိုင်းနဲ့ မတူဘဲ ထူးခြား နေတယ်လို့ သူက ဆိုပါတယ်။

မနေ့က တရုတ် ရုပ်မြင် သံကြားတွေမှာ သတင်း ထုတ်လွှင့် သွားချက်အရ၊ တရုတ် တပ်ဖွဲ့တွေကို မြောက် ကိုရီး ယား နယ်စပ်မှာ ရွှေ့ပြောင်း နေရာ ချထား တယ်လို့ ထုတ်ပြန် သွား ပါတယ် ၊ ဒါဟာ ဘာကြောင့် ဒီလိုရွှေ့ပြောင်း နေရာ ချထား တယ်လို့ မပြောပေမဲ့ ဒီအပြုအမူဟာ ထူးခြား တယ်လို့ ဗြိတိန် သံ အမတ်ကြီးဟောင်း က ရှင်းပြ ခဲ့ပါတယ်။

မြောက် ကိုရီးယားက ဘာကို ဒီလောက်တောင် မကျေမနပ် ဖြစ်နေ တာပါလဲ ၊ အနောက် နိုင်ငံတွေက ပိတ်ဆို့ အရေး ယူမှုတွေ လုပ်တဲ့ အတွက် သူတို့က ဒီလို တုန့်ပြန်မှုဟာ ကျိုးကြောင်း ဆီလျော်ပါရဲ့ လားလို့ ဘီဘီစီက မေးတဲ့ အခါမှာတော့ ဗြိတိန် သံ အမတ်ကြီး ဟောင်းက တခြား လူတွေ အတွက် အကြောင်းပြ ချက် မခိုင်လုံပေမဲ့ သူတို့အတွက်တော့ ခိုင်လုံတယ် ၊ သူတို့ အမြင်မှာ သူတို့ဟာ ရန်ရှာ ခံရ သူလို့ ယူဆနေပုံ ရပြီး သူတို့ကို အမေရိကန် က ခြိမ်းခြောက်နေ တယ်လို့ သူတို့ မြင်ကြောင်း ၊ တကယ်လို့ သူတို့ အနေနဲ့ နျူကလီးယား လက်နက် ကို စွန့်လွှတ် လိုက်ရင် အမေရိကန်က သူတို့ကို လစ်ဗျားနဲ့ အီရတ်ကို လုပ်သလို လုပ်မှာပဲလို့ သူတို့ စိတ်ထဲမှာ မှတ်ယူ ထားပါတယ်လို့ သံအ မတ်ကြီးက ပြောပါတယ်။

သူတို့မှာ နျူးကလီးယား မရှိရင် အမှန် တကယ် အကျူးကျော် ခံရမှာ ပဲလို့ သူတို့ အစစ် အမှန် စိုးရွံ့ နေတယ် ထင်ပါ သလားလို့ ဘီဘီစီက မေးတဲ့ အခါမှာ သံ အမတ်ကြီးက ကျူးကျော်မှာ ဒါမှ မဟုတ် သူတို့ အစိုး ရကို အမေရိ ကန်က ဖြုတ်ချဖို့ ကြိုး စားမှာကို သူတို့ စိုးရိမ် ပါတာ ဖြစ်တယ် ၊ အခုလုပ်တဲ့ ပိတ်ဆို့ မှုတွေဟာ သူတို့ အတွက် တကယ် အထိနာ နိုင်တာတွေကြောင့် မြောက်ကိုရီးယား အသက်ရှူကြပ် သွားမှာကို သူတို့ စိတ်ပူ ပါတယ်လို့ သံ အမတ်ကြီးက ဖြေကြား ခဲ့ပါတယ်။

ဒီတော့ ဒီတကြိမ်မှာ အမှန်တကယ် စစ်ဖြစ်ပွား လာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ သံ အမတ်ကြီး အနေနဲ့ ထင်ပါ သလားလို့ ဘီဘီစီက နောက်ဆုံး မေးခွန်း အနေနဲ့ မေးတဲ့ အခါမှာ ဖြစ်နိုင်ချေ ရှိတယ်လို့ သူထင် ကြောင်း သံ အမတ်ကြီးက ပြောသွား ပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်