Friday, April 05, 2013

သင်္ကြန်မှာ အဖော်အချွတ်ဝတ်မှ ခေတ်မီတာမဟုတ်ဘူး လို့ပြောတဲ့ ဆုရွှန်းလဲ့

Posted by drmyochit Friday, April 05, 2013, under | No comments


 သင်္ကြန်မှာ ဖက်ရှင် အလန်းတွေနဲ့ အဖော် အလျွတ် ၀တ်မှုတွေ အပေါ် အနုပ ညာရှင် တစ်ယောက် ဖြစ်တဲ့ ဆုရွှန်းလဲ့က အခုလို ဝေဖန် အကြံ ပေးခဲ့ ပါတယ်။ “သင်္ကြန်မှာ အ၀တ် အစား ၀တ်ရင် အကြောင်း အကျား တွေ ၀တ်ရမယ်လို့ ဘယ်သူက သတ်မှတ် လိုက်တာလဲ မသိဘူး။ သင်္ကြန် ဆို အဲဒါတွေပဲ ၀တ်ကြတယ်။ ဓါတ်ပုံ ရိုက်ရင်လည်း အဲဒီလိုတွေ ရိုက်ကြ တာ စိတ်ညစ်တယ်။ အခု နောက်ပိုင်း သင်္ကြန် ဓါတ်ပုံတွေ တောင် မရိုက် ချင် တော့ဘူး။ ပြီးတော့ အဖော် အချွတ်တွေကို သင်္ကြန် ဖက်ရှင်အဖြစ် ၀တ်ရ မယ်လို့ ဘယ်သူကမှ အမိန့် မချထား ပါဘူး။ ဒါပေမယ့် အဲဒါတွေ ၀တ်မှ ပဲ သင်္ကြန်မှာ ခေတ်မီ တော့မယ့် ပုံစံ ဖြစ်နေတယ်။ တကယ်ဆို သင်္ကြန် မှာ ပိုပြီးတော့ လုံလုံခြုံခြုံလေး ၀တ်သင့်တယ်။ အသားအရေတွေ နေလောင် တာတို့၊ ရေဒဏ် ခံရတာတို့ ဖြစ်တတ်လို့ ကိုယ်တွေဆို ပိုပြီးတောင် လုံခြုံအောင် ၀တ်ပါတယ်။ သာမန် လူတွေ ၀တ်တာ ရိုင်းရင် သိပ်အပြော မခံရ ပေမယ့် အနုပညာရှင်တွေ ဖြစ်တဲ့ အတွက် အဲဒီလို ၀တ်တာ တွေ့ခဲ့ရင် ပြောစရာတွေ ကျန်နေခဲ့ရော။ အဲဒီတော့ ဆင်ခြင် သင့်တယ်။ ပြီးတော့ အရက်သောက် ကြတာ တွေပေါ့။ သင်္ကြန်ဆို အရက်တွေ သောက်ကြရ မယ့် ရာသီလိုပဲ။ အပြိုင်အဆိုင် သောက်နေကြတာ မဖြစ်သင့်ဘူး။ ကိုယ့်ရိုးရာ သင်္ကြန်မှာ ပျော်ကြတာ ကောင်းပါတယ်။ ဒါပေမယ့် သရုပ်ပျက် ကြတာ တော့ မကောင်းဘူးလို့ ပြောချင်တယ်” လို့ ဆုရွှန်းလဲ့က သင်္ကြန်မှာ အဖော်အချွတ်တွေ ၀တ်တာတွေနဲ့ ပက်သက်ပြီး သူမက ဝေဖန် သွားပါတယ်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်