အင်ဒိုနီးရှားနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်း ရေး စခန်းတခုမှာ မြန်မာနဲ့ မွတ် စလင် များ ဒီနေ့ အချင်းများ တိုက်ခိုက်ကြရာကနေ ၈ ဦးသေ ပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ AP သတင်း ဌာန က ဆို ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆုမတြား မြောက်ပိုင်း ခရိုင်မှာ ရှိတဲ့ အဲဒီ ထိမ်းသိမ်းရေး စခန်းမှာ အင်ဒိုနီးရှား ကမ်းခြေ ကို လှေနဲ့ ခိုး ဝင်တဲ့ မွတ်စလင် ၁၀၀ နဲ့ ငါးခိုး ဖမ်း မှုကြောင့် အဖမ်း ခံရတဲ့ မြန်မာ ၁၁ ဦးကို အတူ တူ ချုပ်ထားခဲ့ကြောင်း နယ်မြေခံရဲချုပ် Enfro Kiswanto က ပြောပါတယ်။
ရဲချုပ်က မျက်မြင်သက်သေတွေကို ကိုးကားပြောဆိုတာကတော့ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင် ငါးဖမ်း သမားတွေ ဟာ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စေ တွကနေ စပြီး အချင်းများ ကြတာ ဖြစ်ကြောင်း၊ တုတ်ဆွဲ ဓားဆွဲ တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း ဆိုပါတယ်။
မြန်မာ ၈ ယောက်သေပြီး မွတ်စလင် ၁၅ ယောက် ဒဏ်ရာရပါတယ်။ တခြား မြန်မာ ၃ ဦးကတော့ အထိ အခိုက် မရှိ လွတ်သွားတယ်လို့ ရဲချုပ်က ပြောပါတယ်။
သေဆုံးသွားသူတွေကို ခရိုင်မှာရှိတဲ့ မေဒင် ဆေးရုံမှာ ပို့ဆောင်ထားကြောင်း သိရပါတယ်။
“ဓားတွေ ဘယ်လို ရှိနေကြ တယ်ဆိုတဲ့ ကိစ္စအပါ အဝင်အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေ ရပ်ဆီ မြန်မြန် ပြန်ပို့ပါတော့မယ်” လို့ ရဲချုပ်က AP သတင်းဌာနကို ပြောထားတယ်။
ဧရာဝတီ Blog
Time in Rangoon

0 comments:
Post a Comment