မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များ အရေးနှင့် ပတ်သက် ၍ ထောက်ခံသည့် နိုင်ငံများ ထဲတွင် အီရန် နိုင်ငံ သည် ဒေသတွင်း အာရပ် နိုင်ငံများနှင့် နှိုင်းယှဉ် ပါက ပိုမို ခိုင်မာသည့် အနေ အထား တရပ် တွင် ရှိနေပြီး ဦးဆောင် နိုင်ငံ တစ်ခုဖြစ် လာနေကြောင်း နိုင်ငံရေးလေ့လာဆန်းစစ်သူ Intifad Qanbar က အီရန်နိုင်ငံ အခြေစိုက်Press TV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
နယူးယော့ခ် အခြေစိုက် လူ့ အခွင့် အရေး စောင့်ကြည့် လေ့လာ သည့် အဖွဲ့က မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ အချို့တွင် ဖြစ်ပွား ခဲ့သည့် ပဋိ ပက္ခများ အပေါ် သုံးသပ်ချက် အစီရင်ခံစာ ထွက်လာပြီး နောက်ပိုင်းတွင် Qanbar က အထက်ပါ အတိုင်း မှတ်ချက်ပြု ခဲ့ခြင်းဖြစ်သည်။
၎င်းက မြန်မာ နိုင်ငံတွင်းဖြစ် ပွားခဲ့ သည်များ အပေါ် နိုင်ငံ တကာ အသိုင်း အ၀ိုင်းမှ အဘယ့်ကြောင့် လစ်လျူ ရှုနေပါ သနည်း ဟူသော မေးခွန်း အပေါ် ပြန်လည် ဖြေကြား ခဲ့ရာတွင် အာရပ် နိုင်ငံများ အဖွဲ့ချုပ်နှင့် မွတ်ဆလင် အဖွဲ့ချုပ်တို့မှ ဦးဆောင်၍ နိုင်ငံ တကာ အဖွဲ့အစည်း များမှ မြန်မာ နိုင်ငံ အပေါ် ဖိအားပေး သွားရန် ကြိုးပမ်း ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တွင်းရှိ မွတ်ဆလင် ဘာသာဝင် များအား အကာ အကွယ် ပေးရေး ဆောင်ရွက် မှုတွင် အခြား အာရပ် နိုင်ငံ အများစုနှင့် နှိုင်းယှဉ် ပါက အီရန် နိုင်ငံနှင့် တူရကီ နိုင်ငံ တို့က ပိုမို ရပ်တည် ဆောင်ရွက် နေကြောင်း ပြော ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံ တကာ အသိုင်း အ၀ိုင်း အထူး အားဖြင့် အနောက် တိုင်းမှ ဘက်လိုက် ဆက်ဆံ မှုများ ရှိနေကြောင်း မွတ်စလင် များအပေါ် အကာအ ကွယ် ပေးရေး လုပ်ဆောင် မှုများကို အနောက် တိုင်းမှ ဆောင် ရွက်မည် မဟုတ် ကြောင်း လည်း ၎င်းက ထည့်သွင်း ပြောကြား ခဲ့သည်။
နယူးယော့ခ် အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့သည် မြန်မာ အစိုး ရအား နိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွား ခဲ့သည့်ဖြစ် ရပ်များ အတွက် စုံးစမ်း စစ်ဆေး မှုများ ပြုလုပ် ရန် တိုက်တွန်း ခဲ့ပြီး ဂြိုလ်တု ဓာတ်ပုံများ ထုတ်ပြန်ကာ မိတ်္ထီလာ မြို့တွင်းတွင် အနည်းဆုံး အဆောက် အအုံပေါင်း ၈၀၀ ထက်မ နည်း ဖျက်ဆီး ခံခဲ့ရ ကြောင်း ယင်း ဓာတ်ပုံ များ ကပြ သနေ သည် ဟု သတင်း ထုတ်ပြန်ခဲ့သည်။
Ref:Press TV, South China Morning Post
Credit: Myanmartandawsint Newspaper
Time in Rangoon

0 comments:
Post a Comment