Friday, April 05, 2013

SSA(ဝမ်ဟိုင်း)အဖွဲ့မှထောင်ထားသောမိုင်းအားနင်းမိ၍ ရွာသား၂ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

Posted by drmyochit Friday, April 05, 2013, under | No comments

တန့်ယန်းမြို့နယ်၊ ကောင်ဆိုင်ရွာ မှ ယနေ့ညနေ ၅ နာရီချိန် ခန့်တွင် သောက်ရေ ခပ်ရန် ရေလို သဖြင့် ရေခပ်ရန် ထွက် လာသော ရွာသား များသည် SSA(ဝမ်ဟိုင်း) အဖွဲ့မှ ထောင် ထားသော မိုင်းအား နင်းမိ၍ ပေါက်ကွဲ မှုဖြစ် ခဲ့ရာ ရွာသား၂ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရရှိ (မစိုးရိမ်ရ) ကြောင်းသိရှိရသည်။ ဟွန်တရွာ ရွာသား မောင်ကျိုင်းလုံစံ၊ အသက်(၂၅)နှစ်၊ (အဘ) ဦးလီကြူးစံ၊ ဘယ်ခြေသလုံး ၂ ချက်၊ ညာပေါင် ၃ ချက်၊ ညာဒူးအောက် ၁ ချက်၊ ကောင်းဆိုင်ရွာ ရွာသား မောင်စိုင်းဟင်၊ အသက် (၂၁)နှစ်၊ (အဘ) ဦးစိုင်း ခင်ကြံ၊ ညာခြေသလုံး ရှပ်ထိ ၁ ချက် ထိခိုက်ဒဏ်ရာရှိ(မစိုးရိမ်ရ) ကောင်းဆိုင်ရွာ ရွာသား ဦးစိုင်းခင်ကျန်၊ အသက် (၅၅)နှစ်၊ (အဘ)ဦးစိုင်းလုံဟန်၊ ဘယ်ခြေ သလုံး ကျိုး၊ ဘယ်တင်ပါး ၂ ချက်၊ ဘယ်ဝမ်းဗိုက် ၂ ချက်ထိ မှန်(သေဆုံး)၊ ကောင်းဆိုင်ရွာ ရွာသား ဦးကျိုင်းဟန်စံ၊ အသက် (၄၃)နှစ်၊ (အဘ) ဦးကျိုင်လုံးစံ၊ ညာဆီး စပ် အစ ၂ ချက်ထိမှန် သေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။ တပ်မတော် စစ်ကြောင်း များမှ လိုအပ် သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။



From: Oppositeyes

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်