ဧပြီလ ၅ ရက် ၂၀၁၃
အာဆင်နယ် ကစား သမား များသည် ရော်ဘာ ကျည် ဆန် ထည့်ထား သည့် ပြောင်းတိုေ သနတ် များ ကိုင် ဆောင် ထားသော ဘရာဇီးလ် ရဲများ ကို ဝင်ရောက် တိုက်ခိုက်ရာ ရဲများက တုတ်များ ကို ဝှေ့ယမ်းပြီး ဒိုင်းများ ဖြင့် ကာကွယ် ခဲ့ရ သည်။
အတောင်အမေရိကတွင် ပြုလုပ်သည့် ဘောလုံး ပွဲစဉ် တစ်ခု၌ ကစား သမား များ၏ တိုက်ခိုက်မှုကြောင့် ရဲများက ခုခံ ကာကွယ်ခဲ့ရကြောင်း သိရှိရ သည်။ တောင် အမေရိက တိုက်တစ်ခုလုံးဆိုင်ရာ ကလပ် အသင်း များ၏ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်သည့် ကိုပါလီဘာတေးဒိုးစ် ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်ကလပ် အက်သလက်တီကို မီနဲလ်ရိုးနှင့် အာဂျင် တီး နား ကလပ် အာဆင်နယ်တို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ပွဲအပြီးတွင် အိမ်ရှင် မီနဲလ်ရိုးက ဂန္ထဝင် ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟို၏ (၂)ဂိုး အပါအဝင် (၅-၂)ဖြင့် အနိုင်ခဲ့သည်။ ထို့နောက်တွင်မူ အာဆင်နယ် ကစားသမားများက ဒိုင်ကိုမကျေမနပ် စောဒကတက် ပြဿ
နာရှာရာမှ ရဲများ ကွင်းထဲဝင်လာပြီးနောက် အခြေအနေ ရှုပ်ထွေးသွားခဲ့သည်။
အာဆင်နယ် ကစား သမား များသည် ရော်ဘာ ကျည်ဆန် ထည့် ထားသည့်ပြောင်း တိုသေနတ်များ ကိုင်ဆောင် ထားသော ဘရာဇီးလ် ရဲများကို ဝင်ရောက် တိုက်ခိုက်ရာ ရဲများက တုတ်များကို ဝှေ့ယမ်းပြီး ဒိုင်းများဖြင့် ကာကွယ် ခဲ့ရသည်။
Source: TheSun
Planet Myanmar Network
Time in Rangoon


0 comments:
Post a Comment