Friday, April 05, 2013

" အုပ်စုဖွဲ့ မုဒိမ်းမှုများကြောင့် အိန္ဒိယသို့ အမျိုးသမီးဧည့်အဝင် လျော့နည်း "

Posted by drmyochit Friday, April 05, 2013, under | No comments

 အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့် မှုများ ဖြစ်ပွား ခဲ့ပြီးနောက် သုံး လတာကာလ အတွင်း နိုင်ငံခြား သား အမျိုး သမီးများ အိန္ဒိယသို့ လာရောက် လည်ပတ် မှုနှုန်း ၃၅ ရာခိုင်နှုန်း ခန့်ကျဆင်း သွားကြောင်း စစ်တမ်း တစ်ရပ်က ဖော်ပြထားသည်။ အိန္ဒိယ ကုန် သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင် များအ သင်း (ASSOCHAM) ၏ စစ်တမ်း တွင် အ ထက် ပါ အတိုင်းဖော်ပြထားပြီး တစ်နှစ်ထက် တစ်နှစ် အမျိုး သမီး ခရီးသည် လည်ပတ် မှုနှုန်း ၂၅ ရာ ခိုင်နှုန်း အထိ လျော့ကျနေကြောင်း ပါရှိသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက နယူးဒေ လီမြို့တော် တွင် ဘတ်စကားတစ်စီးပေါ်၌ အမျိုး သမီး တစ် ဦး အား လူခြောက်ယောက် က အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အခြားဒေသ များတွင်လည်း အလားတူဖြစ် ရပ်မျိုး ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ထို့အတူ ပြီးခဲ့သည့်လကလည်း ဆွစ်ဇာလန်နိုင်ငံသူ တစ်ဦး လည်း အုပ်စုဖွဲ့မု ဒိမ်းကျင့်ခံခဲ့ရရာ နိုင်ငံခြား သားအမျိုးသ မီးများအဖို့ အားလပ်ရက် အပန်းဖြေရန် အိန္ဒိယနိုင်ငံ အစား ထိုင်းနှင့် မလေးရှား တို့ကဲ့သို့ သော နိုင်ငံ များအား ပိုမိုရွေးချယ် လာကြ သည်ဟု စစ်တမ်း က ဖော်ပြ ထားသည်။

နိုင်ငံတကာမှ ခရီးသွားအကြံပေးအေဂျင်စီများကလည်း ၎င်းတို့ ၏ ဧည့်သည်များအား အိန္ဒိယနိုင်ငံနှင့် ပတ်သက် ၍ သတိပေးမှုများ ပြုလုပ်နေပြီး ယင်းအချက်များသည် အိန္ဒိယ၏ ခရီးသွားလုပ်ငန်းအား အထိ နာစေလိမ့် မည်ဟု သတိပေးထားသည်။ ယခုစစ်တမ်းကောက်ယူသည့် သုံးလတာကာလအတွင်း အမျိုးသမီး ခရီးသည် ၇၂ ရာခိုင်နှုန်းက အိန္ဒိယခရီးစဉ်အား ပယ်ဖျက်ခဲ့ကြကြောင်း သိရသည်။

PN-055
Ref: Bangkok Post
From: Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်