Friday, April 05, 2013

ဘူးသီးတောင်မှ သံဃာတော်အား ကိုယ်ထိလက်ရောက် စော်ကားရာတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

Posted by drmyochit Friday, April 05, 2013, under | 1 comment


မတ်လ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့ ၊ ဓမ္မ မဏ္ဍိုင်ကျောင်းမှ ဦးပညာ သီရိအား မူဆလင် ဘာသာဝင် ဘင်္ဂလီ သုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားရာတွင် ပြစ်မှု ကျူးလွန်သူ နှစ်ဦးအား ယနေ့ တွင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း ဘူးသီးတောင် တရားရုံးက ဆိုသည်။
ဘူးသီးတောင် အကျဉ်းထောင်

အဆိုပါ ဘင်္ဂလီများ ကိုယ်ထိလက်ရောက် ကျူးလွန်သည်မှာ မှန်ကန်ကြောင်းကို တရားခံများ ထွက်ဆို ထား သဖြင့် တရားဥပဒေအရ ပုဒ်မ(၄၅၂)၊ သာသနာကို အကြည်ညိုပျက်စေမှု ပုဒ်မ (၂၉၅)တပ်ကာ ရဲ စွဲချက် တင် ခဲ့ကြောင်း မတ်လ (၂၉) ရက်နေ့က သိရှိခဲ့သည်။

သံဃာတော်အား ကိုယ်ထိလက်ရောက်စော်ကားသူများမှာ ပုဇွန်ချောင်းကျေးရွာမှ ကာမာလ်(၂၂) ဟာမတ် တူဆောင်း(၂၀)နှင့် အီနူးဆ်(၁၉)နှစ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ယနေ့တွင် တရားရုံးက ပြစ်ဒဏ် ချမှတ်ခံ ရသူနှစ် ဦးအား မည်သူဖြစ်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

From:   Arakan Times 

1 comments:

သေ ဒဏ်ပေး ပါ အယူခံ မပေးပါနဲ့

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်