Friday, April 05, 2013

ဘင်္ဂလာဒေခ်ျ့မှာ ဟိန္ဒူဘာသာရေး ကျောင်းများ ဆက်လက် တိုက်ခိုက်ခံနေရ

Posted by drmyochit Friday, April 05, 2013, under | No comments

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ဟိန္ဒူဘုရား ရှိခိုး ကျောင်းတွေ ဆက်လက် တိုက်ခိုက် ဖျက် ဆီး ခံနေကြ ရပါတယ်။
 Photo: Daily Star

ယမန်နေ့ နံနက်ကလည်း Bagarhat ခရိုင် Morelganj မြို့နယ်က ဟိန္ဒူ ဘုရား ကျောင်း တစ်ခု ရုပ်ထု တွေကို ၀င်ရောက် ဖျက်ဆီးပြီး နောက်ပိုင်းမှာ ဟိန္ဒူ နတ်ဘုရား ရုပ်တွေကို မီးရှို့ ခဲ့ကြ တယ်လို့ ဆိုပါတယ်။

ဒီကနေ့ထုတ် The Daily Star မှာ လူအုပ်စု တစ်ခုဟာ လွန်ခဲ့တဲ့ ညနေ သန်ခေါင်မှာ Morelganj မြို့နယ် Teligati ကျေးရွာ အုပ်စုက Herma ဈေးမှာ တည်ရှိတဲ့ Sarbojanin Durga ဘုရား ရှိခိုး ကျောင်းကို ချိုးဖေါက် ၀င်ရောက်ပြီး ဟိန္ဒူ နတ်ဘုရား ရုပ်ထုတွေ ဖြစ်တဲ့ Ganesh နဲ့ နတ်ဘုရားမ ရုပ်ထုတွေ ဖြစ်ကြတဲ့ Laksmi နဲ့ Saraswati ရုပ်ထုတွေကို ဖျက်ဆီသွားခဲ့ကြတယ်လို့ ရဲအဖွဲ့ကို ကိုးကားပြီး ဖေါ်ပြပါတယ်။

ခုလို ၀င်ရောက်ဖျက် ဆီးသွား တာကို ဟိန္ဒူ ဘာသာ ၀င်တွေ အနေနဲ့ နံနက် စောစော ဘုရားကျောင်းကို သွားတဲ့ အချိန်မှာမှ  မြင်တွေ့ ခဲ့ရ တယ်လို့ ဘုရားကျောင်း ဥက္ကဌက သတင်း ထောက်တွေ ကို ပြောဆို ပါတယ်။

ဖျက်ဆီး ခံရတဲ့ ဘုရား ကျောင်းကို အဲဒီ ဒေသက လွှတ်တော် အမတ် တစ်ဦး ဖြစ်တဲ့ ဒေါက်တာ Mozammel Hossain သွားရောက် ကြည့်ရှု့ ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ Morelganj မြို့နယ်က ဟိန္ဒူ ဘုရားရှိခိုးကျောင်းတွေကို ၀င်ရောက် ဖျက်ဆီးနေ တာဟာ ဖေဖေါ် ၀ါရီလ ကတည်းက စတင် ပေါ်ပေါက် နေတာ ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာတော့ Gopalpur Sarbojanin ဘုရား ရှိခိုး ကျောင်း ဖျက်ဆီး ခံရပြီး မတ်လ ၁ ရက်နေ့မှာတော့ Dumuria Sarbojanin ဘုရား ရှိခိုးကျောင်း ဖျက်ဆီး ခံခဲ့ရ ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာတော့ North Gopalpur ဘုရား ရှိခိုးကျောင်း ဖျက်ဆီး ခံခဲ့ရ ပါတယ်။

ခုလို ဘုရားကျောင်း တွေကို တိုက်ခိုက် နေတာဟာ အဲဒီ ဒေသ တစ်ခု တည်းမှာ မဟုတ်ဘဲ တစ်ခြား ဒေသ တွေမှာလည်း ကျယ်ကျယ် ပြန့်ပြန့် ပေါ်ပေါက် နေပါတယ်။

မတ်လ ၃၁ ရက်နေ့ကလည်း ဘိုဂါရာ ( Bogra) ခရိုင် Sonatala မြို့နယ်မှာ ဟိန္ဒူ ဘုရားရှိခိုးကျောင်း တစ်ခု ကို ၀င်ရောက် တိုက် ခိုက်ပြီး အနည်း ဆုံး နတ်ဘုရား ရုပ်ထု (၇) ကို ဖျက်ဆီး ပစ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဒါပေ မယ့် ရဲအဖွဲ့က တစ်စုံ တစ်ဦး ကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိ ဘူးလို့ ဆိုပါတယ်။

၂၀၁၃ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က စပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ လူနည်းစု ဟိန္ဒူဘာသာဝင် ဘုရား ရှိခိုးကျောင်း အနည်း ဆုံး ၂၈ ကျောင်း၊ အနည်းဆုံး အိမ်ပေါင်း ၁၇၅ လုံးနဲ့ ဒါဇင်နဲ့ ချီတဲ့ ဈေး ဆိုင်တွေ မီးရှို့ ဖျက်ဆီး ခံခဲ့ကြ ရပြီလို့ သိရ ပါ တယ်။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်