အိန္ဒိယ နိုင်ငံတွင် လူတစ်ဦး၏ ပုဆိန်အသုံးပြုကာ ရမ်းကား တိုက်ခိုက် မှုကြောင့် လူပေါင်း(၉)ဦး သေဆုံး သွားကြောင်း သိရှိ ရသည်။ အိန္ဒိယ အလယ် ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည် ဒေါသ တကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံး ခဲ့ကြသည်။ ချာတစ်ဂါ့ရှ် ပြည်နယ်တွင် ဖြစ်ပေါ် ခဲ့သည့် ရမ်းကား သတ်ဖြတ်မှုတွင် တရားခံ၏ အမည်ကို ပန်ဒူ ရမ် ဟုသာ ရဲများက ဖော်ပြခဲ့ပြီး သတ်ဖြတ်ရခြင်း အကြောင်းရင်းကို တိတိကျ ကျ မဖော်ထုတ် နိုင်သေးချေ။ ရဲများက လူသတ်သမားသည် စိတ်ပိုင်း ဆိုင်ရာ ပြဿနာအချို့ ရှိနေသည်ဟု ယူဆရကြောင်း လည်း မှတ်ချက်ပြု ခဲ့သည်။
အသက်(၃၅)နှစ်ရှိ အမျိုးသားကို ၎င်း၏ ဇနီးက မကြာသေးမီကမှ စွန့်ပစ်သွားခဲ့ကြောင်းလည်း သိရသည်။ ယခုသတ် ဖြတ်မှုတွင် တရားခံသည် အမျိုးသမီးများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သွားခဲ့သည်။ ရဲများက ယခု ကိစ္စ ဖြစ်ပွားချိန်တွင် ရွာအတွင်းမှ အမျိုးသားအားလုံး အလုပ်လုပ်နေကြပြီး အမျိုးသမီးများသာ ကျန်နေခဲ့ ချိန်ဟု ဆိုသည်။ ရဲများသည် တရားခံကို ဖမ်းဆီးကာ ၎င်း၏ လက်နက်ကိုလည်း သိမ်းယူ ထားလိုက်ပြီ ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက မိမိတို့ အနေဖြင့် သေဆုံးသူများ၏ မိသားစုများကို နစ်နာကြေး ရူပီးငွေ (၂၅၀၀၀၀)စီ [ဒေါ်လာ ၄၅၀ ဝန်းကျင်] ပေးအပ်သွားမည်ဟု ပြောကြားထားသည်။
Source: BBC
From: Planet Myanmar Network
Time in Rangoon

0 comments:
Post a Comment