Friday, April 05, 2013

ကိုရဲမင်းဦး ရုံးထုတ်စဉ် ပဋိပက္ခ ဖြစ်ခြင်း

Posted by drmyochit Friday, April 05, 2013, under | 1 comment


ကျောက်တံတား တရားရုံး ရာကြီး ၁၀၄/၂၀၁၃၊ ပုဒ်မ ၅၀၅(ခ)ဖြင့် အရေုးယူထားသည့် ကိုရဲမင်းဦးအား မနေ့ က ရုံးထုတ် စစ်ဆေးပြီး အင်းစိန် အကျဉ်းထောင် ပြန်ရန် ခေါ်လာ စဉ် ကားနား အရောက်မှာ ပဋိပက္ခ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
 
ဖြစ်စဉ်မှာ ကိုရဲမင်းဦးအား အင်းစိန် အကျဉ်းထောင် ပြန် ရန် ခေါ်လာစဉ် ရဲမြတ်ဟိန်း၊ ရဲမင်းအောင်၊ ချစ်ကိုလင်း၊ နိုနို(ခ) နွယ်နှင်းရီ တို့ အဖွဲ့မှ ကားတံခါးကို ပိတ်ဆို့၍ ကိုရဲမင်းဦးအား ၎င်းတို့ မေးမြန်း စရာ ရှိသည်များ မေးမြန်း ပြီးမှ သာ ကားပေါ် တင်ရမည် ဖြစ်ကြောင်း လူအုပ် စုဖြင့် တားဆီး ကန့်ကွက် ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက Myanamr News Now ကို ပြောပါသည်။
 
အဆိုပါ တားဆီး ကန့်ကွက်မှုကြောင့် ၎င်းတို့အား တရားခံ စောင့်ရှောက် နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တာဝန် ၀တ္တရား ဆောင်ရွက် နေသည်ကို တာဝန် မထမ်းဆောင် နိုင်အောင် တွန်းထိုး တားဆီး ကန့်ကွက် သဖြင့် ကျောက်တံတား စခန်းမှူး ရဲအုပ် သိန်းနိုင်မှ ကျောက်တံတား ရဲစခန်း (ပ) ၁၃၁/၅၀၆ ဖြင့် အရေးယူ ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားခဲ့ချက် အရ သိရပါသည်။
 
သစ်ထူးလွင် blog မှ ကူးယူ ဖော်ပြသည်။

1 comments:

အဲဒီ ကောင် သေ ဒဏ် ပေး ပါ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်