Friday, April 05, 2013

တောင်နှင့် မြောက် ကိုရီးယား စစ်ဖြစ်ရင် မြန်မာများကို အစိုးရက ပြန်ခေါ်မည်

Posted by drmyochit Friday, April 05, 2013, under | No comments


မြောက်ကိုရီးယားနဲ့ တောင် ကိုရီးယား နိုင်ငံ အကြား စစ်ဖြစ်ပွားရင် မြန်မာ နိုင်ငံသား တွေရဲ့ အရေးကို ကူညီဖြေရှင်းပေးဖို့ တောင် ကိုရီးယား အစိုးရ တာဝန် ရှိသူတွေကို မြန်မာ သံရုံးက ပြော ကြား ပါတယ်။

မနေ့က တောင် ကိုရီးယား အခြေစိုက် မြန်မာ သံ အမတ်ကြီး ဦးညွန့် လှိုင် ဟာ တောင် ကိုရီးယား နိုင်ငံ အစိုးရ တာဝန်ရှိ သူတွေ နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သံရုံးရဲ့ ဒုတိယ အတွင်း ၀န် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်။

“မနေ့က သံ အမတ်ကြီးက တောင် ကိုရီးယား အစိုးရ တာဝန်ရှိ သူတွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေး ပြီးပါပြီရှင်။ ကျွန်မတို့ သံရုံးထဲမှာ ဆိုရင်လည်း လုံခြုံရေးစီမံချက်တွေ ဆွဲထားပြီးပါပြီ။ မြန်မာ နိုင်ငံ အလုပ် သမား ၁ သောင်းကျော်နဲ့ ကျောင်းသား ၂၀၀ ကျော် ရှိပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ် ထားတဲ့ အမျိုး သမီးကော ဆိုရင် ၁ သောင်းကျော်လောက်ရှိ တော့ အကုန်လုံး အတွက်ကို သံ အမတ် ကြီးက ဦးဆောင် ပြီးတော့ အစီ အစဉ် ဆွဲထားပြီးသားပါ။ တောင် ကိုရီးယား ဘက် ကလည်း အတတ် နိုင်ဆုံး သံတမန် နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောထား ပြီးသားပါ“ လို့ ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာ နှစ်စဉ် နိုင်ငံခြားသား အလုပ်သမား ၆ သောင်း လောက် ငှားရမ်းရပြီး မြန်မာ နိုင်ငံနဲ့ တောင် ကိုရီးယား အကြား အလုပ် သမား ငှားရမ်း ခွင့်ပြု စနစ် (အီးပီအက်စ်) နဲ့ ၂၀၁၂ ကုန်ပိုင်းမှာ စတင်ငှား ရမ်း တာပါ၊ ဒီနှစ်အတွက်လည်း မြန်မာ နိုင်ငံသား ၄၉၀၀ ကို ထပ်မံပို့ လွှတ်ဖို့ စီစဉ်ထားပြီး လာမယ့်မေလမှာ စာမေးပွဲဖြေ ဆိုဖို့ ပြင်ဆင် နေချိန်မှာ ခုလို ကိုရီးယား နှစ်နိုင်ငံ အကြား စစ်ဖြစ်မယ့် အရိပ် အယောင် ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီ အရိပ်အခြေတွေကြောင့် ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံ တို့က စစ်ဖြစ်ရင် သူ့ နိုင်ငံသား တွေ ပြန်ခေါ် မယ်လို့ ထုတ်ဖော် ပြောဆို ခဲ့ကြ ပါတယ်။

အလားတူ မြန်မာ နိုင်ငံ အနေနဲ့လည်း ကိုယ့် နိုင်ငံသား တွေအကျိုး အတွက် ကူညီ မယ်လို့ ဆိုးလ်မြို့ အခြေစိုက် မြန်မာ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြ ပါတယ်။ နှစ်နိုင်ငံ စစ်ဖြစ်မယ် ဆိုရင် ကိုယ့် နိုင်ငံသားတွေ ပြန်ခေါ်မှာလားဆိုတဲ့ မေးခြန်း ကိုတော့ ဒေါ်သင်းသင်းမြတ်က အတတ် နိုင်ဆုံး ကူညီ ပေးသွားမယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ကာကွယ်သွားရမှာ ဖြစ်ပါတယ်။ အတတ် နိုင်ဆုံးလေ။ ဒီဘက်မှာ သံရုံး ပေါင်း ၆၀ ကျော်ရှိတော့ တခြား သံရုံး ၅၀ ကျော်နဲ့တော့ တိုင်ပင် ဆွေးနွေး ပြီးတော့ လုပ်ထားတာ ရှိပါ တယ်။ ဒီက နိုင်ငံတွေနဲ့ ဆွေးနွေး ထားသလို ကျွက်မတို့ မြန်မာ နိုင်ငံ ဘက်က အစိုးရ တွေနဲ့ ဆွေးနွေးပြီးတော့ အစီအစဉ်တွေ ဆွဲထားပြီးသားပါ” လို့ ဖြေပါတယ်။

From: DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်