Tuesday, June 26, 2012

ပါရာဂွေးသမ္မတဖြုတ်ချခဲ့မှုကြောင့် ဗင်နီဇွဲလားက ရေနံတင်ပို့မှုရပ်ဆိုင်း

Posted by Anonymous Tuesday, June 26, 2012, under | No comments


ဗင်နီဇွဲလားသမ္မတ Hugo Chavez သည် ပါရာဂွေးသမ္မတ  Fernando Lugo အား ဖြုတ်ချခဲ့မှုအပေါ်  ကန့်ကွက်သည့်အနေဖြင့်  ပါရာဂွေးနိုင်ငံဆိုင်ရာ ၎င်း၏သံအမတ်ကြီးအား ဇွန်လ ၂၄ ရက်နေ့တွင်ပြန်လည်ခေါ် ယူကာ
ပါရာဂွေးနိုင်ငံသို့ ရေနံတင်ပို့ရောင်းချမှုအား ရပ်ဆိုင်းထားခဲ့ကြောင်း သိရှိရပါသည်။ ပါရာဂွေးနိုင်ငံ သမ္မတသစ Federico Franco  ၏ အစိုးရအား အသိအမှတ်ပြုလိမ့်မည်မဟုတ်ကြောင်း  နိုင်ငံပိုင် ရုပ်/သံတွင် Chavez က ပြောကြားခဲ့ပါသည်။ တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ Mercosur သည် လာမည့် သီတင်းပတ် တွင်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲတွင် ပါရာဂွေးနိုင်ငံပါဝင်မှုအား ရပ်ဆိုင်းထားကြောင်း အာဂျင်တီးနားနိုင်ငံ ခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၄ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။  ပါရာဂွေးဒုတိယသမ္မတ Franco  သည် သမ္မတသစ်အဖြစ် ဇွန်လ ၂၂ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါသည်။ သို့သော် ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလီးဗီးယား၊ ကျူးဘား၊ ဒိုမီနီကန်၊ အာဂျင်တီးနား၊ ဘရာဇီးလ်နှင့် ပီရူးနိုင်ငံတို့အပါအ၀င် တောင်အမေရိက နိုင်ငံများသည် Franco  အား သမ္မတအဖြစ်ခန့်အပ်မှုကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်