Tuesday, June 26, 2012

ကူဝိတ်အစိုးရအဖွဲ့နုတ်ထွက်စာတင်ခြင်း

Posted by Anonymous Tuesday, June 26, 2012, under | No comments

ကူဝိတ်အစိုးရအဖွဲ့သည် ကူဝိတ်စော်ဘွား Sheikh Sabah al-Ahmad al-Jaber al- Sabah ထံ ၎င်းတို့၏ နုတ်ထွက်စာအား တင်သွင်းခဲ့ကြောင်း ကူဝိတ်ပြန်ကြားရေးဝန်ကြီး Seikh Mohammad al-Abdullah al-Mubarak al-Sabah က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့ပါသည်။ ဖေဖော်ဝါရီလအတွင်းက
ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲအား တရားမ၀င်ကြောင်း ကူဝိတ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက လွန်ခဲ့သော သီတင်းပတ်အတွင်းက ကြေညာခဲ့ပြီး ယခင်ညီလာခံအတိုင်းပြန်လည်ပြုလုပ်ရန် အမိန့်ပေးခဲ့ပါသည်။  ဖေဖော်ဝါရီ လ ၂ ရက်နေ့က ပြုလုပ်ခဲ့သောကြားဖြတ်ရွေးကောက်ပွဲတွင် ပါလီမန် အမတ်နေရာ ၅၀ တွင် Islamist  အမတ်လောင်းများက အမတ်နေရာ ၃၀ အနိုင်ရရှိခဲ့ပါသည်။ သီတင်းပတ် ၂ ပတ်ကြာပြီးနောက် ကူဝိတ်စော်ဘွားက အစိုးရသစ်ဖွဲ့စည်းရေးအမိန့်ဒီဂရီတစ်ရပ် ထုတ်ပြန်ကြေညာ ခဲ့ပါ သည်။ကူဝိတ်စော်ဘွားသည် ၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်းက ယခင်ပါလီမန်အား တရားဝင် ဖျက်သိမ်း ခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲ အသစ်ပြုလုပ်ရေး အတွက်စောင့်ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။
Xinhuanet.com;June-25(Mon)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်