Tuesday, June 26, 2012

ယိုးဒယားအနီရောင်ဝတ်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများကို ဖယ်ရှားရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ဟုဆို

Posted by Anonymous Tuesday, June 26, 2012, under | No comments

            ယိုးဒယားအနီရောင်ဝတ်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ ဥပဒေမူကြမ်းအား ရပ်ဆိုင်းရန်အမိန့်ထုတ်ပြန်ခဲ့သော အခြေခံဥပဒေခုံရုံးတရားသူကြီးများအား ဖယ်ရှားရန် ကြိုးပမ်းသည့်အသနား ခံလွှာတွင် လက်မှတ်ရေးထိုးသူ ၁၀၀,၀၀၀ နီးပါးရှိလာခဲ့ပြီဖြစ်ကြောင်း ဇွန်လ ၂၅ ရက်နေ့ Bangkokpost
သတင်းတစ်ရပ်အရသိရှိရပါသည်။ အနီရောင်ဝတ်ထောက်ခံသူများသည် ဇွန်လ ၂၄ ရက်နေ့တွင် ရတ်ချာဒမ်နွန်ရိပ်သာလမ်း၌ စုရုံးခဲ့ကြပြီး အဆိုပါလူထုစုရုံးမှုသည် ယိုးဒယားနိုင်ငံအား သက်ဦးဆံပိုင်ဘုရင်စနစ်မှ စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲခဲ့သည့် နှစ် ၈၀ ပြည့်နှစ်ပတ်လည်နှင့် တိုက်ဆိုင်လျက်ရှိပါသည်။ အဆိုပါ အသနားခံလွှာတွင် လက်မှတ်ရေးထိုးသူ ၁၀၀,၀၀၀ နီးပါးခန့်ရှိရာ အဆိုပါပမာဏသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင်သည့်ဥပဒေ မူကြမ်းအားရပ်ဆိုင်းရန် မဲခွဲဆုံးဖြတ်ခဲ့သည့် တရားသူကြီး ၉ ဦးအနက် ၇ ဦးအား စွဲချက်တင်ရန်လိုအပ်သည့် ပမာဏထက် ၂ ဆခန့်ရှိနေကြောင်း အနီရောင်ဝတ်အဖွဲ့ဥက္ကဋ္ဌ တီဒါတာဝမ်ဆတ်က ပြောကြားခဲ့ပါသည်။ အနီရောင်ဝတ် အဖွဲ့ပူးတွဲခေါင်းဆောင်များအနေဖြင့် အဆိုပါသနားခံလွှာအား အထက်လွှတ်တော်သို့ တင်သွင်းမည့်အချိန်ကို ဆုံးဖြတ်ကြမည်ဖြစ်ကြောင်းနှင့် စစ်မှန်သောဒီမိုကရေစီရရှိသည့် တိုင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းတီဒါကပြောကြားခဲ့ပါသည်။ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် ခရီးထွက်လျက်ရှိပြီး အဆိုပါဇွန်လ ၂၄ ရက်နေ့ လူထုစုရုံးမှုကာလအတွင်း ထောက်ခံသူများ အား ဖုန်းဖြင့်မိန့်ခွန်းပြောကြားခဲ့ခြင်းမရှိကြောင်း အနီရောင်ဝတ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျာတူပွန်က ပြောကြားခဲ့သည်ဟုသိရှိရပါသည်။
Bangkokpost (၂၅-၆-၂၀၁၂)      

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်