Tuesday, June 26, 2012

အိန္ဒိယနိုင်ငံသည် နယူးဒေလီနှင့်မွမ်ဘိုင်းမြို့တို့တွင် ဒုံးခွင်းဒုံးစနစ်ကို မကြာမီတပ်ဖြန့်ချထားမည်ဟုဆို

Posted by Anonymous Tuesday, June 26, 2012, under | No comments

            အိန္ဒိယနိုင်ငံသည် နယူးဒေလီနှင့်မွမ်ဘိုင်းမြို့တို့တွင် ဒုံးခွင်းဒုံးစနစ်ကို ပထမအဆင့်အနေဖြင့် မကြာမီ တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးသတင်းအရင်းအမြစ်များက ဇွန်လ ၂၄ ရက်နေ့တွင်ပြောကြားခဲ့ သည်ဟု
Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။ အဆိုပါဒုံးခွင်းဒုံးစနစ်သည် အကွာအဝေးကီလိုမီတာ ၂၀၀၀ ကျော်မှပစ်ခတ်လိုက်သောရန်သူ၏မည်သည့်ဒုံးပျံကိုမဆိကြားဖြတ်တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိပါသည်။အိန္ဒိယနိုင်ငံ၏ကာကွယ်ရေးသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(ျွီဥ)သည် ရန်သူ၏ဒုံးပျံတိုက်ခိုက်ခံရနိုင်ခြေ ရှိသော အဆိုပါမြို့နှစ်မြို့ကိုရွေးချယ်ခဲ့သည့်အတွက်ကြောင့် ၎င်းမြို့တို့သည် ပထမအဆင့်အနေဖြင့် အဆိုပါ ဒုံးခွင်းဒုံးစနစ်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ အိန္ဒိယအစိုးရအဖွဲ့၏လုံခြုံရေးကော်မတီသည် ၎င်းဒုံးခွင်းဒုံးစနစ် အား အဆိုပါမြို့ကြီး ၂ မြို့တွင်တပ်ဖြန့်ချထားခြင်းမပြုမီ နောက်ဆုံးအတည်ပြုချက်ကို မကြာမီပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားနှင့် တောင်ပိုင်း ဘန်ဂလိုနှင့် ချင်းနိုင်ကဲ့သို့သောမြို့ကြီးများတွင် တပ်ဖြန့်ချထားသွားမည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် အဆိုပါဒုံးခွင်းဒုံးစနစ်ကို အစောပိုင်းကအောင်မြင်စွာစမ်းသပ်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် ကီလိုမီတာ ၅၀၀၀ ကျော်အထိ အကွာအဝေးကို တိုးမြှင့်သွားရန်စီစဉ်ထားကြောင်းသိရှိရပါသည်။
Chinaview       (၂၄-၆-၂၀၁၂)    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်