Tuesday, June 26, 2012

အမေရိကန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ Cope West စစ်ရေးလေ့ကျင့်ခန်းဆောင်ရွက်မည်ဖြစ်ကြောင်း

Posted by Anonymous Tuesday, June 26, 2012, under | No comments


အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည်  သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများသို့ လေကြောင်းအကူအညီနှင့် ထောက်ပံ့ရေးလုပ်ငန်းဆိုင်ရာ
စွမ်းရည်မြင့်မားစေရန်ရည်ရွယ်လျက် ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်ခန်းတစ်ခုအား ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့ကြောင်း အင်ဒိုနီးရှားလေတပ် ၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါသည်။  ၎င်းစစ်ရေးလေ့ကျင့်ခန်းအား Cope West ဟု အမည်ဝှက်ပေးထားပြီး   ဇွန်လ ၂၉ ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။  ၎င်းလေ့ကျင့်ခန်းတွင် ဖိလစ်ပိုင် စစ်သည် ၈၀ နှင့် အမေရိကန်စစ်သည် ၄၀ ပါဝင်ကြောင်း Halim Perdanakusumah လေတပ်စခန်းမှ ဗိုလ်မှူးကြီး Ardhi Tjahjoko က ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်