Tuesday, June 26, 2012

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား မြောက်ကိုရီးယားနိုင်ငံမှ ပြစ်တင်ရှုတ်ချမှုပြုခဲ့ခြင်း

Posted by Anonymous Tuesday, June 26, 2012, under | No comments

            မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံတို့၏ ဇွန်လ ၂၂ ရက်နေ့တွင်ပြုလုပ်ခဲ့ သည့် စစ်ရေးလေ့ကျင့်ခန်းအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချမှုပြုခဲ့ကြောင်း ဇွန်လ ၂၅ ရက်နေ့ Xinhua သတင်း တစ်ရပ်အရသိရှိရပါသည်။ အမေရိကန်နှင့်တောင်ကိုရီးယားနိုင်ငံတို့အနေဖြင့်
စစ်မဲ့ဇုန်တောင်ဘက်ခြမ်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် မြောက်ကိုရီးယားအလံပါ ပစ်မှတ်များအား လက်နက်ကြီး လက်နက်ငယ် များဖြင့်ပစ်ခတ်ခဲ့ခြင်းသည် စိုးရိမ်ဖွယ်ရာစစ်ရေးလှုပ်ရှားမှုနှင့် နိုင်ငံရေးအရစိန်ခေါ်မှုပင် ဖြစ်ကြောင်း၊ အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့အနေဖြင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်ချမှတ်ခဲ့သည့် ရန်မူခြင်းမပြုရေးကတိပြုချက် သည် လိမ်လည်မှုဖြစ်သည်ဆိုခြင်းကို သက်သေပြသလိုက်ခြင်းသာဖြစ်ကြောင်းနှင့် အဆိုပါအပြုအမူများ ဆက်လက်ဆောင်ရွက်နေသမျှကာလပတ်လုံး မိမိကိုယ်ကိုကာကွယ်ရေးအတွက် နျူကလီးယားဟန့်တားမှုကို ဆက်လက်ဆောင်ရွက်နေဦးမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် စစ်ဖြစ်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းနှင့် ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစေရန် တွန်းပို့နေခြင်းဖြစ် သည်ဟု ကိုရီးယားအမျိုးသားငြိမ်းချမ်းရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စွပ်စွဲပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Chinaview (၂၅-၆-၂၀၁၂)    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်