အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့သည်
အောက်တိုဘာလအတွင်း အကြီးမားဆုံးဒုံးပျံကာကွယ်ရေး လေ့ကျင့်ခန်းပြုလုပ်ရန်စီစဉ်နေကြောင်း
ဒေသခံမီဒီယာက ဇွန်လ ၂၅ ရက်နေ့တွင်ပြောကြားခဲ့
ပါသည်။ အဆိုပါလေ့ကျင့်ခန်းတွင် တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့်ပါဝင်မည်ဟုမျှော်မှန်းထားပါသည်။ အဆိုပါတပ်ဖွဲ့ဝင်များ သည် အီရန်နှင့် ဆီးရီးယားနိုင်ငံတို့မှ
အစ္စရေးနိုင်ငံအား တစ်ပြိုင်နက်ဒုံးကျည်ရာပေါင်းများစွာ
တရစပ်ပစ်ခတ် မှုအားတုံ့ပြန် သည့် သဏ္ဌာန်တူလေ့ကျင့်မှုတစ်ခုအား လေ့ကျင့်သွားမည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံသည် အဆိုပါ လေ့ကျင့်ခန်းအတွင်း ၎င်း၏ Aegis
ပဲ့ထိန်းဒုံးပျံကာကွယ်ရေးစနစ်နှင့် PAC-3 Patriot လေကြောင်းရန် ကာကွယ်ရေး စနစ်များအား
အသုံးချနေစဉ် အစ္စရေးနိုင်ငံကလည်း ၎င်းအဆင့်မြှင့်ထားသော Arrow 2၂ ဒုံးပျံကာကွယ်ရေးစနစ်ကို
တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း ဒေသခံမီဒီယာမှ ပြောကြားခဲ့ပါသည်။ အဆိုပါ လေ့ကျင့်ခန်းနှင့်ပတ်သက် သည့် အသေးစိတ်အချက်အလက်များကို
ထုတ်ဖော်ပြောကြားရန် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆိုခဲ့ကြောင်း
သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment