Tuesday, June 26, 2012

ရန်သူ၏အကျိုးစီးပွားတည်နေရာများသည် အီရန်နိုင်ငံ၏ဒုံးပျံများလက်လှမ်းမီသည့်အကွာအဝေးအတွင်း၌ ရှိသည်ဟုဆို

Posted by Anonymous Tuesday, June 26, 2012, under | No comments


အရှေ့အလယ်ပိုင်းဒေသအတွင်းရှိရန်သူ၏မဟာဗျူဟာအကျိုးစီးပွားတည်နေရာများသည် အီရန်နိုင်ငံ၏ဒုံးပျံများ လက်လှမ်းမီသည့်အကွာအဝေးတွင်း၌ရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)၏ ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ် ဟိုစိန်ဆာလာမီ
ကပြောကြားခဲ့သည်ဟု ဇွန်လ ၂၄ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ မိမိတို့၏မဟာဗျူဟာစီမံချက်အရ စစ်ပွဲဖြစ်ပွားခဲ့ပါက မည်သည့်အဆင့်တွင်မဆိုစစ်ဆင်နိုင်ရေးအတွက် ထိရောက်သည့် ဟန့်တားကာကွယ်မှု ပြုလုပ်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဟိုစိန်ဆာလာမီကပြောကြားခဲ့ပါသည်။ IRGC သည် ပြည်တွင်း၌ထုတ်လုပ်သော ပဲ့ထိန်းဒုံးပျံများကိုအသုံးပြု၍ ရန်သူ၏ရွေ့လျားပစ်မှတ်များကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း၊ ထို့အပြင် IRGC ရေတပ်ဖွဲ့ကိုလည်း ရေဒါရှောင်ကွင်း နိုင်သည့် ခရုဇ်ဒုံးပျံများဖြင့်တပ်ဆင်ပေးထားကြောင်း ဗိုလ်မှူးချုပ် ဟိုစိန်ဆာလာမီက အီရန်နိုင်ငံ၏ဒုံးပျံ စွမ်းပကားများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။
Newsnow        (၂၄-၆-၂၀၁၂)    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်