Tuesday, June 26, 2012

မြန်မာသမ္မတ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ဒုက္ခသည်ဆိုင်ရာနှင့်ကုန်သွယ်ရေးဆိုင်ရာတို့အား ဆွေးနွေးသွားမည်ဆိုခြင်း

Posted by Anonymous Tuesday, June 26, 2012, under | No comments

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၃ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ပြီးရိုဟင်ဂျာဒုက္ခသည်များ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာကဏ္ဍများအား အဓိကထားဆွေးနွေးသွား
မည်ဖြစ်ကြောင်း အရာရှိများ မှပြောကြားလျက်ရှိပါသည်။၎င်းအပြင် စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်ပြီးခရီးသွားလာရေးကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါသည်။၎င်းခရီးစဉ်သည် မကြာသေးမီနှစ်များ အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ သိုမြန်မာ အဆင့်မြင့်ခေါင်းဆောင်သွားရောက်သည့် ပထမဦးဆုံးခရီးစဉ်ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်၏ခရီးစဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်အတွက် မြန်မာနိုင်ငံဒုတိယနိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် နှစ်ရက်ကြာချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ပါသည်။
    ၎င်း၏ခရီးစဉ်အတွင်း ဦးမောင်မြင့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် Mijarul Quyagesနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပတ်သက်၍ ညှိနှိုင်းတိုင်ပင် မှုများကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နောက်ဆုံးအကြိမ် နိုင်ငံခြားရေးအတွင်းဝန်အဆင့် ဆွေးနွေးညှိနှိုင်းမှုအား ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အစုလိုက်ဝင်ရောက်လာခြင်းအား ရပ်တန့်နိုင်မည်ဖြစ်ပြီး မှတ်ပုံတင်ထားသည့်ဒုက္ခသည် ၂၈,၀၀၀ ဦးအားပြန်လည်ပေး ပို့နိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း အစိုးရအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။ ရိုဟင်ဂျာ ဒုက္ခသည်ကိစ္စရပ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အပြန်အလှန်ဆက်ဆံရေးအား ထိခိုက်မှုရှိသည့်အတွက် ၎င်း ကိစ္စရပ်အား အပြီးသတ်ဖြေရှင်း ရန်မြန်မာအစိုးရမှလည်း စိတ်အားထက်သန်လျက်ရှိကြောင်း ၎င်းအရာရှိမှ ထပ်လောင်းပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်စဉ် သမ္မတဦးသိန်းစိန်အား ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်များမှ ပြောကြားခဲ့ပါသည်။
      မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန၏ခရီးစဉ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စရပ်နှင့် ပတ်သက်၍ရှင်းပြ ချက်ရရှိရန်မျှော်မှန်းထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနအရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပြုလုပ်နေစဉ် သမ္မတဦးသိန်းစိန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခြင်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သီတင်းပတ်တစ်ပတ်လျှင် ခရီးသည် တင်လေယာဉ် ၇ ခေါက်ပြေးဆွဲရေးနှင့် ကုန်တင်လေယာဉ် ၄ ခေါက်ပြေးဆွဲရေးသဘောတူညီချက်သစ်တစ်ရပ်အား စတင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများမှ ပြောကြားခဲ့ပါသည်။ ၎င်းခရီးစဉ်အားမြန်မာ နိုင်ငံသမ္မတ၏ခရီးစဉ်ပြီးနောက်စတင်သွားရန်မျှော်မှန်းထားကြောင်း ၎င်းတို့မှ ထပ်လောင်းပြော ကြားခဲ့ပါသည်။ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉.၆၅ သန်း ရှိပြီး မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၇၅.၇ သန်း ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်