Tuesday, June 26, 2012

အီဂျစ်သမ္မတသစ်က နိုင်ငံတကာသဘောတူညီချက်များကို လေးစားလိုက်နာမည်ဟု ကတိပြုပြောကြားခဲ့ခြင်း

Posted by Anonymous Tuesday, June 26, 2012, under | No comments

            အီဂျစ်သမ္မတအဖြစ်ရွေးကောက်ခံရသော မိုဟာမက်မော်ဆီ သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသူ အဖြစ် တရားဝင်ကြေညာ ခြင်းခံခဲ့ရပြီးနောက် နိုင်ငံသို့ပထမဆုံးအကြိမ် ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြား ရာတွင် ၎င်းအနေဖြင့် နိုင်ငံတကာသဘောတူညီချက် များအားလုံးကို
လေးစားလိုက်နာမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ဇွန်လ ၂၄ ရက်နေ့နှောင်းပိုင်းတွင်ပြောကြားခဲ့ သည်ဟု Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။ ၎င်းတို့ အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများအားလုံးနှင့်အတူ လွန်စွာ ညီညွတ်မျှတသည့်ဆက်ဆံရေးများကို ထူထောင် သွားမည်ဖြစ်ကြောင်းနှင့် ဘုံအကျိုးစီးပွားနှင့် အပြန်အလှန်လေးစားမှုတို့အပေါ်အခြေခံ၍ ညီညွတ်မျှတစွာ ဆက်ဆံသွားမည်ဖြစ်ကြောင်း မော်ဆီကပြောကြားခဲ့ပါသည်။ အီဂျစ်နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများ၏ အကျိုးစီးပွားကိုဝင်ရောက်စွက်ဖက်မှုမပြုသည့်အပြင် နိုင်ငံ၏ပြည်တွင်းရေးကိုလည်း မည်သူတစ်ဦးတစ်ယောက် ကိုမျှ ၀င်ရောက်စွက်ဖက်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အီဂျစ်နိုင်ငံသားများအားလုံးအတွက် သမ္မတကောင်းတစ်ဦး ဖြစ်လာစေရမည်ဟုလည်း ကတိပြုခဲ့ကြောင်းသိရှိရပါသည်။ အီဂျစ်သမ္မတရွေးကောက်ပွဲကော်မရှင်က မော်ဆီ သည် ၀န်ကြီးချုပ်ဟောင်းအာမက်ရှာဖစ်အားထောက်ခံမဲ ၅၁.၇ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟုသိရှိရပါသည်။
Chinaview       (၂၅-၆-၂၀၁၂)    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်