Tuesday, June 26, 2012

အစ္စရေးနှင့် အမေရိကန်တို့သည် အကြီးမားဆုံးပူးတွဲစစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ရန် အစီအစဉ် ရေးဆွဲလျက်ရှိသည်ဟုဆို

Posted by Anonymous Tuesday, June 26, 2012, under | No comments


အစ္စရေးနှင့်အမေရိကန်တို့သည် လာမည့်အောက်တိုဘာလတွင် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့် အဆင့်မြင့်ဒုံးပျံကာကွယ်ရေးစနစ်များပါဝင်ပြီး
အီရန်နှင့်ဆီးရီးယားနိုင်ငံတို့မှ တစ်ပြိုင်နက်တည်းပစ်ခတ်မှုကို ကာကွယ်သည့်သဏ္ဌာန်တူလေ့ကျင့်ခြင်းတို့ပါဝင်ကြောင်း အစ္စရေးနိုင်ငံ၏ Maariv သတင်းစာက ဇွန်လ ၂၅ ရက်နေ့တွင်ဖော်ပြခဲ့သည်ဟု Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ အမေရိကန် အမှတ်(၃) လေတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး Craig A. Franklin ၏လတ်တလောသွားရောက်သည့် အစ္စရေးအလည်အပတ် ခရီးတွင် ၎င်းစစ်ရေးလေ့ကျင့်ခန်း၌ အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀၀ ခန့်နှင့် အစ္စရေးတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ပါဝင်လေ့ကျင့်နိုင်ရေးအတွက် အသေးစိတ်အချက်အလက်များအားညှိနှိုင်းရန် အစ္စရေးစစ်ဘက်မှကိုယ်စားလှယ် များနှင့်အတူ စီမံကိန်းရေးဆွဲရေးကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်ခန်းတွင် အီရန်နှင့် ဆီးရီးယားတို့က အစ္စရေးအားဒုံးပျံများဖြင့်တစ်ချိန်တည်းတစ်ပြိုင်တည်းပစ်ခတ်သည့် သဏ္ဌာန်တူပြုလုပ်မည်ဖြစ်ပြီး အစ္စရေး၏အဆင့်မြှင့်တင်ထားသော Arrow-2 ဒုံးပျံကာကွယ်ရေးစနစ်၊အမေရိကန်၏ Aegis ပဲ့ထိန်းဒုံးပျံ ကာကွယ်ရေးစနစ်နှင့် PAC-3 Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပါဝင်မည်ဖြစ်ပါသည်။ တရုတ်၊ ရုရှား၊ ဆီးရီးယားနှင့် အီရန်တို့သည် အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ရန် အစီအစဉ်ရေးဆွဲထားပြီး အီရန်နှင့်ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ရုရှားနိုင်ငံမော်စကိုမြို့တွင်ပြုလုပ်သည့် အီရန်နျူကလီးယားအရေး ဆွေးနွေးမှုသည် အဖြေမထွက်ပေါ်ဘဲပြီးဆုံးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အဆိုပါစစ်ရေး လေ့ကျင့်မည့်သတင်းပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Newsnow        (၂၅-၆-၂၀၁၂)    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်