Tuesday, June 26, 2012

တရုတ်နိုင်ငံသည် အငြင်းပွားနေသည့် Scarborough သောင်စွယ်အနီးရှိ ၎င်း၏စစ်ရေယာဉ်များအား ရုပ်သိမ်းခြင်း

Posted by Anonymous Tuesday, June 26, 2012, under | No comments

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အနောက်ဘက်ပင်လယ်အတွင်းရှိ အငြင်းပွားနေသည့်  Scarborough  သောင်စွယ်အနီးမှ ၎င်း၏စစ်ရေယာဉ်များအား ရုပ်သိမ်းသွားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ဇွန်လ ၂၅ ရက်နေ့
Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ ၎င်းရုပ်သိမ်းမည့် အစီအစဉ်မှာ လွန်ခဲ့သည့် ၂ ရက်အတွင်းက တရုတ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့အကြား ပြုလုပ်ခဲ့သည့် ဆွေးနွေး ညှိနှိုင်းမှုများအပေါ်အခြေခံပြီး ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသောင်စွယ်အနီးရှိ တရုတ်စစ်ရေယာဉ်များ အားလုံးရုပ်သိမ်းသွားမည်ဟူသည့် သတင်းများအား လက်ခံရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert del  ကပြောကြားခဲ့ပါသည်။ ၎င်းသောင်စွယ်အနီး၌ နှစ်နိုင်ငံငါးဖမ်းသင်္ဘောများမရှိတော့ကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံဘက်မှ ၎င်းအချက်နှင့်ပတ်သက်၍ တိုက်ရိုက် အတည်ပြုပြောကြားခြင်းမရှိကြောင်း del Rosario က ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အငြင်းပွားမှုဖြစ်ပေါ်နေသော အဆိုပါ သောင်စွယ်ဝန်းကျင်၌ တရုတ်နိုင်ငံမှသင်္ဘော ၆ စီးအားတွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဘက်မှတရားဝင်ပြောကြား ခဲ့ပါသည်။ ဖိလစ်ပိုင်သမ္မတ Benigno Aquino III သည် အငြင်းပွားမှုများအဆုံးသတ်နိုင်ရေးနှင့် ရာသီဥတု ဆိုးရွားလာသည့်အတွက် သောင်စွယ်အနီးရှိ ၎င်း၏ သင်္ဘော ၂ စီးအား ဇွန်လ ၁၅ ရက်နေ့က ရုပ်သိမ်းရန် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပါသည်။ ဖိလစ်ပိုင်အစိုးရအနေဖြင့် ဧပြီလ ၁၀ ရက်နေ့က ၎င်းသောင်စွယ်အနီးသို့ ကျူးကျော်ဝင်ရောက်လာသည့် တရုတ်ငါးဖမ်းသမားများအား ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့ပြီးနောက် ပြဿနာများမှာ ပိုမိုကြီးထွားလာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသောင်စွယ်အနီးရှိ တရုတ်နိုင်ငံ၏စစ်ရေယာဉ်များကို ရုပ်သိမ်းခြင်းမပြုပါက ဖိလစ်ပိုင်၏စစ်ရေယာဉ်များကို ပြန်လည်စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် ရာသီဥတု ကြည်လင်လာပါကတရုတ်၏တပ်စွဲမှုကိုစစ်ဆေးရန်အတွက် ဖိလစ်ပိုင်လေတပ်မှ စောင့်ကြည့် ထောက်လှမ်းမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း  Aquino ကပြောကြားခဲ့သည်ဟုသိရှိရပါသည်။
Newsnow          (၂၅-၆-၂၀၁၂)    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်